ဧရာဝတီတိုင်းဒေသကြီး

ကျောင်းကုန်းမြို့၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ "ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ်" စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကညင်သုံးဆင့်အုပ်စု၊ ကညင်သုံးဆင့်‌ကျေးရွာ ကုန်ထုတ်လမ်း၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီ ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီ ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ငွေဆောင်မြို့၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေး တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ငွေဆောင်မြို့၌ ဒေသတွင်း စားနပ်ရိက္ခာ  ဖူလုံစေရန်နှင့်  စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက သဇင်ကျေးရွာ အုပ်စု၊ သဇင်ကျေးရွာရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းခွင်များသို့ သွားရောက်ကာ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ သဘာဝရေပြင်အတွင်းသို့ ငါးကောင်ရေ (၃) သိန်းခွဲ ငါးမျိုးစိုက်ထည့်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်ကျေးရွာအုပ်စု၊ သဘာဝရေပြင်၊ အပင်နှစ်ဆယ်ချောင်းအတွင်းသို့ ယနေ့နံနက် ၇း၃၀ နာရီအချိန်ခန့်က ငါးကောင်ရေ (၃) သိန်းခွဲ ငါးမျိုးစိုက်ထည့်ခဲ့ကြသည်။

အိမ်မဲမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများဆောင်ရွက်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများအတွက် သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ရက် (၁၀၀) စီမံချက်အဖြစ် တိုင်း​ဒေသကြီးရန်ပုံငွေဖြင့် ကမ်းပျိုကျေးရွာအုပ်စု၊ ဖိုးကယ်​ချောင်းကျေးရွာတွင် ရေသန့်စင်စနစ် ရေရရှိရေးလုပ်ငန်းအား  အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ဘိုကလေးမြို့နယ်တွင် “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ဇူလိုင်လ ၅ ရက်နေ့ နံနက် (၁၀) နာရီအချိန်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှု၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဦးဆောင်ကျင်းပမှုတို့နှင့်အတူ “လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပဆောင်ရွက်သည်။

ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာန အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသမှု အစီအစဉ်ဖြင့် ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေး

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ထပ်ဆင့်လမ်းညွှန်မှုဖြင့်တိုင်းဒေသကြီး ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးမှ  အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသမှုအစီအစဉ်ဖြင့် တိုင်းဒေသကြီး အတွင်းရှိ  ဒေသခံပြည်သူများအား  ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းကငပုတောမြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အစည်းအဝေးခန်းမတွင် ဒေသခံပြည်သူများအား ဆေးကုသမှုများဆောက်ရွက်ပေးခဲ့သည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက် (U-14) ကျောင်းသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက် (U-14) ကျောင်းသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်၊ဗိုလ်ချုပ်လမ်းရှိ  မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားတက်ရောက်

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ဇူလိုင် ၃ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

မြောင်းမြတွင် မိုးစပါးသီးနှံ ရွှေခရု ကြိုတင်ကာကွယ်နိုင်ရေးနှင့်နှိမ်နှင်းရေးလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မားရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုကို၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ကာ မိုးစပါးသီးနှံရွေခရုကြိုတင်ကာကွယ်ရေးနှင့် နှိမ်နင်းရေးလုပ်ငန်းများအား ကျေးရွာနေတောင်သူများနှင့်တွေ့ဆုံကာ ဆွေးနွေးခြင်း၊ ပညာပေးခြင်း၊ ရွှေခရုစုပေါင်းကောက်ယူခြင်းများကို မဒေါ့ပင်ကျေးရွာအုပ်စုရှိ ကွင်းအမည်၊မဒေါ့ပင်အရှေ့ကွင်း၊ ကွင်းအမှတ် (၂၁၉-က)၊ ဦးပိုင်အမှတ်(၉/၇)၊ ဧက (၁၁) ဧကရှိ တောင်သူ ဦးခင်ကြည်ပိုင်ဆိုင်သော လယ်မြေအတွင်း၌ ဇူလိုင် ၃ ရက်နေ့ နေ့လယ် (၃) နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး