ဧရာဝတီတိုင်းဒေသကြီး

မအူပင်မြို့၌ GW11 မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

 ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောင်ဟိတ်ကျေးရွာအုပ်စု၊ အောင်ဟိတ်ကျေးရွာ၌ GW11 မိုးစပါး စံကွက်ရိတ်သိမ်းမှုအား ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာရှိ တောင်သူဦမျိုးညွန့်ပိုင်ကွင်းအမှတ် (၈၃၄)၊ ဦးပိုင်အမှတ် ၂၀/၅၊ ဧရိယာ (၀.၄၀)ဧက၊ ဘိုးတော်မိကွင်းအား ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသောင်းသိန်းဌေး ဦးဆောင်မှုဖြင့် စံကွက်ရိတ်သိမ်းသည်။

ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) တွင် Cyber Security သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) တွင် နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ Cyber Security သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်ဖွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ပညာအားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျုံပျော်မြို့နယ်၌ မဲဆန္ဒရှင်စာရင်း မှန်ကန်မှုရှိစေရေး တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးမှုအခြေအနေအား တာဝန်ရှိသူများမှ စစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ စတင်ကျင်းပပြုလုပ်မည်ဖြစ်ရာ မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်၌ တာဝန်ရှိသူများက ဒုတိယအကြိမ်မဲစာရင်းကိုအခြေခံ၍ မဲဆန္ဒရှင်များ၏ အချက်အလက်များ မှန်ကန်မှုရှိစေရေး၊ မဲပေးပိုင်ခွင့်ရှိပြီး မဲစာရင်းတွင်ကျန်နေခဲ့သူများ မရှိစေရေးအတွက် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြသည်။

တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ကြံခင်းမြို့နယ်၌ ကာလတို ဖျင်စဖြင့် ကြက်မွှေးပြုလုပ်ခြင်းသင်တန်းအား လာရောက်ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များက မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နေ့လယ်ပိုင်းက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ဖွင့်လှစ်သော ဖျင်စဖြင့် ကြက်မွှေးပြုလုပ်ခြင်းသင်တန်း လက်တွေ့သင်ကြားနေမှုအား လာရောက်ကြည့်ရှုအားပေးကြသည်။

ဒေးဒရဲမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် တပ်ဆင်အသုံးပြုခြင်းဆိုင်ရာသင်တန်း ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM-INSTALLATION) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းအား ယမန်နေ့နံနက် (၉) နာရီက မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် လေးမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိနုဂ္ဂဟစာမေးပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် (၂၀၂၆) ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့မှ (၁၁) ရက်နေ့အထိ အကြိမ် (၅၀) မြောက် ရွှေရတုအထိမ်းအမှတ် ဖျာပုံခရိုင်၊ လေးမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေရေးဖြေ၊ အာဂုံစာမေးပွဲတော်ကြီးကိုလည်းကောင်း၊ ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင် စာအောင်ဆုနှင်းသဘင်ကိုလည်းကောင်း ကျင်းပပြုလုပ်မည်ဖြစ်ရာ စာမေးပွဲတော်ကြီးနှင့် စာအောင်သဘင်အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့နံနက် (၉) နာရီတွင် ဘိုကလေးမြို့နယ်၊ ချိုကြည်သာသနာ့ဗိမာန်၌ ကျင်းပဆောင်ရွက်သည်။

ငရုတ်ကောင်းမြို့၌ ဆန္ဒမဲပေးနိုင်ရေးအတွက် စာရင်းကောက်ယူခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများဆန္ဒမဲပေးနိုင်ရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်း၍ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်း​ကွင်းဆင်း၍ စာရင်းကောက်ယူခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ မြန်အောင်မြို့နယ်၌ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများဆန္ဒမဲပေးနိုင်ရေးအတွက် ​မြေပြင်တစ်အိမ်တက်ဆင်း​ကွင်းဆင်း၍ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ဆောင်းဆီထွက်သီးနှံ(နေကြာ) (၃) ဧကစံပြကွက်စိုက်ပျိုးခြင်းအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကွင်းကလေးကျေးရွာအုပ်စု တောင်သူဦးတင်ဝင်း၏ နေကြာစံပြကွက်စိုက်ပျိုးမည့် လယ်မြေ၌ ဆောင်းဆီထွက်သီးနှံ (နေကြာ)မျို့စေ့များအား စိုက်ပျိုးခြင်းအခမ်းအနားကို ယမန့်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး