ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မိုးစပါးစိုက်ပျိုးရန် စိုက်ပျိုးစရိတ်ချေးငွေနှင့် သွင်းအားစုများ တောင်သူများထံ‌ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုစခန်း၌ ဒေသတွင်းလယ်ယာကဏ္ဍဖွံ့ဖြိုးမှု အထောက် အကူပြု ထုတ်ကုန်ပြပွဲ၊ နည်းပညာပြပွဲနှင့် Rice Export Zone စီမံချက် မိုးစပါးစိုက်ပျိုးရန် စိုက်ပျိုးစရိတ်ချေးငွေနှင့် သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၅ ရက်နေ့နံနက်ပိုင်းကကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ စိုက်ပျိုးစရိတ်ချေးငွေနှင့် သွင်းအားစုများ ပေးအပ်ခဲ့သည်။

မြန်အောင်မြို့နယ် ထန်းသုံးပင်ကျေးရွာ စနစ်ကျလယ်ယာမြေ ဧက (၁၀၀) တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၁၃) စက်မှုလယ်ယာစခန်းမှ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ထန်းသုံးပင်ကျေးရွာအုပ်စု ကွမ်းခြံကုန်းကျေးရွာ စနစ်ကျဧက (၁၀၀) ကွင်းရှိ ကွင်းအမှတ် (၂၄၉) တောင်သူ ဦးစိုး၏ လယ်မြေ (၃) ဧကတွင် ကျင်းပပြုလုပ်သည်။

လပွတ္တာမြို့နယ်၌ ကျောင်းပေါင်းစုံ U-14 ကျောင်းသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင်၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းပေါင်းစုံ U-14 ကျောင်းသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက နေသူရိန်အားကစားကွင်း၌ ကျင်းပခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

အားကစားရေးရာဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကြခတ်ချောင် ကျေးရွာအုပ်စု၊ အားကစားနှင့်ကာယပညာသိပ္ပံ‌ကျောင်းတွင်ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးခင်မောင်ကြည်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းများအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ရက် (၁၀၀) စီမံကိန်းအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့သည်။

ငွေဆောင်မြို့၌ ဒီရေတောနှင့် ဓနိစိုက်ခင်းများ ရေရှည်တည်တံ့စေရေးတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

​ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ဒီရေတောများ ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းကိုနှင့် တာဝန်ရှိသူများသည် ယမန်နေ့နေ့လယ်ပိုင်းတွင် သဇင်ကျေးရွာ၊ သဇင်ချောင်းဘေးဝဲယာရှိ ဒီရေတောများ၊ ဓနိစိုက်ခင်းများ၏ အခြေ အနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းက ဒါးကကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင်ကျင်းပခဲ့သည်။

ကျုံပျော်မြို့နယ်၌ အသက် ၂၂ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

အရည်အချင်းပြည့်မီသော ထူးချွန် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်း ပသည့် ကျုံပျော်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အသက် ၂၂ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဇူလိုင် ၆ ရက် ညနေ ၃ နာရီက ဧရာဝတီတိုင်းဒေသကြီး  ကျုံပျော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမြို့နယ် ပြည်သူ့အား ကစားကွင်းအတွင်း၌ ကျင်းပ ပြုလုပ်သည်။

ဖျာပုံမြို့၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ မှော်ဘီကျေးရွာအုပ်စု၊ ထိန်တပင်ကျေးရွာတွင် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရန်၊ ရာသီဥတုမျှတပြီး အပူချိန်ထိန်းညှိပေးရန်၊ သစ်တောသယံဇာတ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံ မျိုးကွဲများအား ထိန်းသိမ်းရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ဇူလိုင်လ ၆ ရက်နေ့ နံနက် (၈)နာရီခွဲအချိန်က အဆိုပါကျေးရွာတွင်စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

သာပေါင်းမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက်ဥပဒေ အသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(ToT) ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွား‌ရေးဦးစီးဌာန၏ လမ်းညွှန်ချက်အရ ဧရာဝတီတိုင်းဒေသကြီး ဥပဒေ ချုပ်ရုံး၏ ကြီးကြပ်မှုဖြင့် သာပေါင်းမြို့နယ်ဥပဒေရုံးမှဖွင့်လှစ်သော ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) ဖွင့်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ဇူလိုင်လ ၆ ရက်၊ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး