ဧရာဝတီတိုင်းဒေသကြီး

ညောင်တုန်းမြို့နယ်တွင် အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် အသက် (၁၀) နှစ်နှင့်အထက် ကျောင်း‌သား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆားမလောက်ကျေးရွာ အခြေခံပညာအထက်တန်း‌ကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်သဘာဝရေပြင်အတွင်း  ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ငါးလုပ်ငန်းဉီးစီးဌာနမှ မြစ်ချောင်းအင်းအိုင်များတွင်၊ ငါးသယံဇာတ၊ ရေသယံဇာတတိုးပွားစေရေးနှင့် ကျေးလက်နေပြည်သူများ၊ ငါးရိက္ခာပိုမိုဖူလုံလာစေပြီး၊ စားသုံးမှုမြင့်မားလာစေရေး၊ သားစဉ်မြေးဆက် ငါးစားသုံးနိုင်ရေးအတွက် ရည်ရွယ်၍ ၊ ဇူလိုင်လ ၇ရက်နေ့ နံနက် ၇ အချိန်က ဟင်္သာတမြို့နယ်၊ ပခန်းရပ်ကွက်၊ ကမ်းနားကြီးသင်္ဘောဆိပ်၌ဧရာဝတီမြစ် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့သည်။

ဝါးခယ်မမြို့နယ်၌ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်အရ ရပ်ကွက်/​ ကျေးရွာအုပ်ချုပ်​ရေးမှူးများအား ဥပဒေ​အသိပညာပြန့်ပွား​​​ရေး ဆရာဖြစ်သင်တန်း (TOT) ပို့ချ

ဧရာဝတီတိုင်း​​ဒေသကြီး၊​ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်အရ ဥပ​ဒေ​ရေးရာဝန်ကြီးဌာန၏လမ်းညွှန်မှုနှင့် ဧရာဝတီတိုင်း​ဒေသကြီးဥပ​ဒေချုပ်ရုံးနှင့်​ မြောင်းမြခရိုင် ဥပ​ဒေရုံးတို့၏ကြီးကြပ်မှုဖြင့် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနနှင့်​ ပေါင်းစပ်ညှိနှိုင်းကာ ဝါးခယ်မမြို့နယ်ဥပ​ဒေရုံးက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဥပဒေ​အသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန​၊ အောင်ဇေယျ ​အစည်းအ​ဝေးခန်းမတွင် ယ​နေ့နံနက် (၉း၀၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြိးထောင့်မြို့နယ်၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာတွင် ကျင်းပခဲ့သည်။

လေးမျက်နှာမြို့နယ်တွင် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် (world rural development day) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို လေးမျက်နှာ မြို့နယ် အမှတ်(၁)ရပ်ကွက် ဘိုးရာဇာလမ်းတွင် သစ်ပင်သစ်တောများ စိမ်းလန်းစိုပြေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်၊ သစ်ပင်သစ်တောများမှ ရာသီဥတုအပူဒဏ်ကိုကာကွယ်ပေးနိုင်သည့်တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ကျောင်းပေါင်းစုံ U-14 ကျောင်းသားဘောလုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အားကစားကွင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းပေါင်းစုံ U-14 ကျောင်းသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီကကျင်းပခဲ့သည်။

အိမ်မဲမြို့တွင်ကမ္ဘာကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို  ကြို့ကုန်းကျေးရွာအုပ်စု ပေပင်စု ကျေးရွာ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ငပု‌တောမြို့နယ် အုန်းပင်စုကျေးရွာ၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါး Rice Export Zone ဆောင်ရွက်မည့် တောင်သူများအား (ပထမ)အကြိမ် စိုက်ပျိုးစရိတ်ချေးငွေများပေးအပ်

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုဝောာမြို့နယ် အုန်းပင်စုကျေးရွာ၌ NayChi Ayeyar Co.,Ltd မှ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါး Rice Export Zone ဆောင်ရွက်မည့်တောင်သူများအား (ပထမ)အကြိမ် စိုက်ပျိုးစရိတ်ချေးငွေများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အုန်းပင်စုကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

ငါးသိုင်းချောင်းမြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၉)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်း(ကုန်းပြင်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုသိမ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) ဖွင့်လှစ်

ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ ဧရာဝတီတိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ ကြီးကြပ်မှုဖြင့် ပုသိမ်မြို့နယ်ဥပဒေရုံးမှဖွင့်လှစ်သော ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးခန်းမတွင် ပြုလုပ်ရာအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး