ဧရာဝတီတိုင်းဒေသကြီး

မော်လမြိုင်ကျွန်းမြို့နယ်၌ ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးရှိ မော်လမြိုင်ကျွန်းမြို့နယ်၌ ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဥပဒေရုံး၌ပြုလုပ်ရာ ဥပဒေရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့်တကွ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်နှင့်ဆီများ ချီးမြှင့်ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင်  အခြားတိုင်းဒေသကြီး၊ ပြည်နယ်များက အကြမ်းဖက်ဖြစ်စဉ်များကြောင့်  မြို့နယ်အတွင်းသို့ ပြောင်းရွေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ချီးမြှင့်သည့် ဆန်နှင့်ဆီများ ပေးအပ်ခြင်းကို ယမန်နေ့ညနေ (၄)နာရီက ချောင်းဖျားကျေးရွာ၊ မဟာဗောဓျာရာမဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရွှေသောင်ယံမြို့တွင် ​ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် ကမ်းခြေလမ်းမကြီးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့သည် တည်ငြိမ်အေးချမ်းသော မြို့တစ်မြို့ဖြစ်သည်နှင့်အညီ မြို့တွင်းမြို့ပြင် ကမ်းခြေလမ်းမကြီးသာယာလှပပြီး ပြေပြစ်ကောင်းမွန်ရေးအတွက် လမ်းပြုပြင်ခြင်းလုပ်ငန်းများကို နိုဝင်ဘာလ (၁၉)ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ရွှေသောင်ယံမြို့ အမှတ်(၃) ရပ်ကွက် Sea&Lake အပန်း​ဖြေဥယျာဉ်အနီးမှစတင်ပြီး အမှတ်(၁၊ ၂၊ ၃)ရပ်ကွက်များရှိ ကမ်းခြေလမ်းမကြီးတစ်လျှောက်တွင်လည်းကောင်း၊ သဲကုန်းကျေးရွာအုပ်စု၊ သဘော့ကန်ကျေးရွာအုပ်စုများသို့ ဆက်သွယ်ထားသော ကမ်းခြေလမ်းမကြီးတစ်လျှောက်တွင်လည်းကောင်း ကျောက်ရောမြေများခင်းခြင်း၊ လမ်းညှိပြုပြင်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ ဆီများ ပံ့ပိုးပေးအပ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီများ ပံ့ပိုးပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၈ ရက်နေ့ မွန်းလွဲ (၁) နာရီကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

မအူပင်မြို့၌ GW11 မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

 ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောင်ဟိတ်ကျေးရွာအုပ်စု၊ အောင်ဟိတ်ကျေးရွာ၌ GW11 မိုးစပါး စံကွက်ရိတ်သိမ်းမှုအား ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာရှိ တောင်သူဦမျိုးညွန့်ပိုင်ကွင်းအမှတ် (၈၃၄)၊ ဦးပိုင်အမှတ် ၂၀/၅၊ ဧရိယာ (၀.၄၀)ဧက၊ ဘိုးတော်မိကွင်းအား ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသောင်းသိန်းဌေး ဦးဆောင်မှုဖြင့် စံကွက်ရိတ်သိမ်းသည်။

ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) တွင် Cyber Security သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) တွင် နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ Cyber Security သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်ဖွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ပညာအားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျုံပျော်မြို့နယ်၌ မဲဆန္ဒရှင်စာရင်း မှန်ကန်မှုရှိစေရေး တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးမှုအခြေအနေအား တာဝန်ရှိသူများမှ စစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ စတင်ကျင်းပပြုလုပ်မည်ဖြစ်ရာ မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်၌ တာဝန်ရှိသူများက ဒုတိယအကြိမ်မဲစာရင်းကိုအခြေခံ၍ မဲဆန္ဒရှင်များ၏ အချက်အလက်များ မှန်ကန်မှုရှိစေရေး၊ မဲပေးပိုင်ခွင့်ရှိပြီး မဲစာရင်းတွင်ကျန်နေခဲ့သူများ မရှိစေရေးအတွက် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြသည်။

တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ကြံခင်းမြို့နယ်၌ ကာလတို ဖျင်စဖြင့် ကြက်မွှေးပြုလုပ်ခြင်းသင်တန်းအား လာရောက်ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များက မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နေ့လယ်ပိုင်းက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ဖွင့်လှစ်သော ဖျင်စဖြင့် ကြက်မွှေးပြုလုပ်ခြင်းသင်တန်း လက်တွေ့သင်ကြားနေမှုအား လာရောက်ကြည့်ရှုအားပေးကြသည်။

ဒေးဒရဲမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် တပ်ဆင်အသုံးပြုခြင်းဆိုင်ရာသင်တန်း ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM-INSTALLATION) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းအား ယမန်နေ့နံနက် (၉) နာရီက မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး