ဧရာဝတီတိုင်းဒေသကြီး

သာပေါင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၆/၂၀၂၆) ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၆/၂၀၂၆) ကို ယနေ့ဇူလိုင်လ ၇ ရက်နေ့၊နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပပြူလုပ်ခဲ့သည်။

ကြံခင်းမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်သူများအား ဆုပေးပွဲကျင်းပနိုင်​ရေးနှင့် (မြို့နယ်အဆင့်) ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်သူများအား ဆုချီးမြှင့်ပေးအပ်ပွဲနှင့် ဆိုကရေးတီးပြိုင်ပွဲ (မြို့နယ်အဆင့်) ကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး(ယာယီ)နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

ပုသိမ်မြို့နယ်အတွင်း နေရောင်ခြည်နှင့်လေအား နှစ်မျိုးအသုံးပြု၍ မဂ္ဂါဝပ် (၁၀၀) ထုတ်လုပ်ရရှိရေး ဆောင်ရွက်ထားရှိမှု အစီအစဉ်များအား ရှင်းလင်းတင်ပြ 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အတွင်း  Galaxy Red Star ကုမ္ပဏီလီမိတက်မှ Solar Powerplantနှင့်  Wind Turbine Power Plant နှစ်မျိုးအသုံးပြု၍ မဂ္ဂါဝပ် (၁၀၀) ထုတ်လုပ်ရရှိရေးအတွက် ဆောင်ရွက်ထားရှိမှု အစီအစဉ်များအား ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ဇူလိုင် ၇ ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည်။

ဟင်္သာတမြို့တွင် ခွေးရူးပြန်ရောဂါကာကွယ်ထိန်းချုပ်ရေး ပြည်သူ့စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင်ခွေးရူးပြန်ရောဂါကာကွယ်ထိန်းချုပ်ရေး ပြည်သူ့စကားဝိုင်းကို ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

မြောင်းမြမြို့၌ ရွေးမြစ်ကမ်းဘေးရှိ ရပ်ကွက်များအား သဘာဝ‌ဘေးအန္တရာယ်နှင့် ပတ်သက်၍ သိရှိနိုင်ရန် ဆော်ဩခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ရွေးမြစ်ကမ်းဘေးရှိ ရပ်ကွက်များအား သဘာဝ‌ဘေးအန္တရာယ်နှင့် ပတ်သက်၍ သိရှိနိုင်ရန် ဆော်ဩခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ကန်ကြီး‌ထောင့်မြို့နယ်၌ အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) ဖွင့်လှစ်ပို့ချ

ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ ဧရာဝတီတိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ ကြီးကြပ်မှုဖြင့် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ဥပဒေရုံးမှ ကျင်းပပြုလုပ်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၇ ရက်နေ့ မနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခခန်းမ၌ ကျင်းပသည်။

လပွတ္တာမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ လပွတ္တာ-သင်္ကန်းကြီးကားလမ်း‌ဘေးတွင် ယနေ့နံနက်ပိုင်းက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်း အနားကိုကျင်းပရာ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်-၁ ဦးစန်းမင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိနွယ်တို့က တာဝန်ရှိသူများထံ ပျိုးပင်များ ပေးအပ်ကြသည်။

ဖျာပုံမြို့၌ ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မည့်စီမံချက်များနှင့် ပြုပြင်တည်ဆောက်မည့် တံတားအားကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ် (မြို့ပြ)ဦးကျော်ကျော်ထွေးသည် ယမန်နေ့နေလယ်ပိုင်းအချိန်က ခရိုင်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် ခရိုင်နှင့်မြို့နယ်ဝန်ထမ်းများနှင့်တွေ့ဆုံ၍ (၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ်မှ (၂၀၃၀-၂၀၃၁) ဘဏ္ဍာရေးနှစ်အထိ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်မည့် စီမံချက်နှင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားသည်။

ဓနုဖြူမြို့နယ်၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြိူ့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ (World Rural Development) အထိမ်းအမှတ်အဖြစ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ဇူလိုင်လ ၆ ရက်နေ့နံနက်ပိုင်းက ငါးဘတ်အိုင်ကျေးရွာအုပ်စု၊ ငါးဘတ်အိုင်ခေတ်မီစံပြကျေးရွာ၌ ကျင်းပ သည်။

ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ စီစဥ်ဆောင်ရွက်မှုဖြင့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲအချိန်က စက္ကော့တောင်ကျေးရွာအုပ်စု၊ အုန်းပင်စု ကျေးရွာ၌ စုပေါင်းစိုက်ပျိုးခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး