ဘိုကလေးမြို့နယ်တွင် “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်း ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ညီနောင်ဝကျေးရွာအုပ်စု၊ ကျောင်းစုဓမ္မာရုံတွင် ယမန်နေ့ နေ့လယ် (၁) နာရီအချိန်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၏ကြီးကြပ်မှု၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာန၏ ဦးဆောင်ကျင်းပမှုတို့ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပသည်။