ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မျိုးစေ့ချကိရိယာ(Drum Seeder) တို့ဖြင့်မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲအား တက်ရောက်ကြည့်ရှုအားပေး၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန်ခွာ ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ တွန်ပလွန်ကျေးရွာ၊ တောင်သူဦးငြိမ်းဝင်း၏ စိုက်ဧက(၅) ဧကတွင် ရက်(၉၀)စပါးမျိုးအား (၁၀)တန်းသွားမျိုးစေ့ချစက်နှင့် မျိုးစေ့ချ ကိရိယာ(Drum Seeder)တို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။