ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် ကျိုက်လတ်မြို့နယ်တွင် မဲစာရင်းမှန်ကန်စေရေး တစ်အိမ်တက်တစ်အိမ်ဆင်း ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲစာရင်းပြည်စုံမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစိစစ်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ(၃)ရက်၊ ညနေ(၅)နာရီခွဲခန့်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။