ရွှေသောင်ယံမြို့၌ ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံခြားစိစစ်ရေးကတ်ပြားများဆောင်ရွက်

ရွှေသောင်ယံ ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်​ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွှေသောင်ယံမြို့ဦးမှူး ဦးကျော်ဝင်းခိုင်နှင့်ဝန်ထမ်းများမှ မှတ်ပုံတင်မရှိသူပြည်သူများအား ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ယနေ့နံနက်ပိုင်းက One Stop Service ကွင်းဆင်းဆောင်ရွက်ပေးခြင်းကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိရေး ဆောင်ရွက်ပေးခြင်းဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူများဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရန်အတွက် ရွှေသောင်ယံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စုရပ်ပြုလုပ်၍ ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရာသို့ ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူးမှကြီးကြပ်ကာ ရပ်/ကျေးစာရေးများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမောင်