ဒေးဒရဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ပြည်သူများထံသို့ စက်သုံးဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့် စက်သုံးဆီအရောင်းဆိုင်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့နံနက် (၁၀) နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။