မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးအသိပညာ‌ပေးခြင်းနှင့်ဆေးကုသစောင့်ရှောက်မှုဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုအခန်းကဏ္ဍတွင် တိုင်းရင်းဆေးဖြင့်အကျိုးထိရောက်မှုရှိစွာ ကုသနိုင်ရန် မြို့နယ်တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ   ကျန်းမာရေးအသိပညာ‌ပေးဟောပြောခြင်းနှင့် ဆေးကုသစောင့်ရှောက်မှု ပေးခြင်းကို မေ ၁၄ ရက် နံနက် ၉ နာရီက  ဆန်စက်ဝန်းရပ်ကွက်ရှိ ပြည်သူများအား နယ်လှည့် ကွင်းဆင်း‌ဆေးကုသပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၌ အခြေခံပညာဦးစီးဌာန မူလတန်း ဆရာ/ ဆရာမများအတွက် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း ဖွင့် 

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြို့နယ်ပညာရေးမှူးမှ ကြီးမှူး၍ အခြေခံပညာဦးစီးဌာန၊ မူလတန်း ဆရာ/ ဆရာမများအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (မြို့နယ်အဆင့်) ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနား ယနေ့ နံနက်(၉)နာရီက ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

ချမ်းအေးသာစံမြို့နယ်၌ အခြေခံပညာအလယ်တန်းဆင့် (စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး) ဘာသာရပ်ဆိုင်ရာနည်းပြသင်တန်းဖွင့်

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအဆင့် အခြေခံပညာအလယ်တန်းဆင့် (စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး) ဘာသာရပ်ဆိုင်ရာနည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို အောင်မြေသာစံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ရာဇာခန်းမဆောင်၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် တိုင်းဒေသကြီးအတွင်းခရိုင်အလိုက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်အလိုက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၁၃ ရက် မွန်းလွဲပိုင်းက မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ချမ်းအေးသာစံမြို့နယ်၌ မူလတန်းဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဖွင့်

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော မူလတန်းဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမဆောင်၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

စဉ့်ကူးမြို့၌ မူလတန်းပြဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွားသင်တန်း) ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားပေးလျက်ရှိသော ဆရာ/ဆရာမများအား သင်ကြားမှုစွမ်းရည် ပိုမိုမြင့်တက်လာစေရန် ရည်ရွယ်၍ မူလတန်းပြဆရာ၊ ဆရာမများအတွက် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွားသင်တန်း) ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက စဉ့်ကူးမြို့နယ် ပညာရေးမှူးရုံး၌ ကျင်းပသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ အခြေခံပညာဦးစီးဌာန မူလတန်း ဆရာ/ဆရာမများအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနား (မြို့နယ်အဆင့်) ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ မြို့နယ်ပညာရေးမှူးမှ ကြီးမှူး၍ အခြေခံပညာဦးစီးဌာန၊ မူလတန်းဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်းဖွင့်ပွဲ အခမ်းအနား (မြို့နယ်အဆင့်)ကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

မြစ်သားမြို့နယ်၌ KG/Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်‌ဆောင်ရွက်နိုင်‌ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (မြို့နယ့်အဆင့်) ဆင့်ပွား ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် KG/Grade-1 သင်ပြနည်းစနစ်နှင့် မူကြို သင်ပြနည်းစနစ် ချိတ်ဆက်‌ဆောင်ရွက်နိုင်‌ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (မြို့နယ့်အဆင့်) ဆင့်ပွားဆွေးနွေးပွဲ အခမ်းအနားကို မေလ ၁၄ ရက် နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဝမ်းတွင်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ် ထုတ်ပေးခြင်းများ ပြုလုပ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်ထုတ်ပေးခြင်း အခမ်းအနားကို မေလ ၁၄ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်မျက်နှာစုံညီ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်မျက်နှာစုံညီအစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး