မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ်၌ KG/Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်‌ဆောင်ရွက်နိုင်‌ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (မြို့နယ့်အဆင့်) ဆင့်ပွား ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် KG/Grade-1 သင်ပြနည်းစနစ်နှင့် မူကြို သင်ပြနည်းစနစ် ချိတ်ဆက်‌ဆောင်ရွက်နိုင်‌ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (မြို့နယ့်အဆင့်) ဆင့်ပွားဆွေးနွေးပွဲ အခမ်းအနားကို မေလ ၁၄ ရက် နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဝမ်းတွင်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ် ထုတ်ပေးခြင်းများ ပြုလုပ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်ထုတ်ပေးခြင်း အခမ်းအနားကို မေလ ၁၄ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်မျက်နှာစုံညီ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်မျက်နှာစုံညီအစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ညောင်ဦးမြို့ ရွှေစည်းခုံဘုရားကြီးတောင်ဘက်စောင်းတန်းပြုပြင်နေမှုနှင့် ဈေးဆိုင်ခန်းများ စနစ်တကျ ရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၊ ရွှေစည်းခုံဘုရားကြီး တောင်ဘက် (မေတ္တာစောင်းတန်း) ပြန်လည်ထိန်းသိမ်းပြုပြင်ပြီးစီးမှုနှင့် ဈေးဆိုင်ခန်းများ စနစ်တကျ ရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၁၄ ရက်၊ နံနက် ၁၀ နာရီက ရွှေစည်းခုံဘုရား ဘဏ္ဍာတော်ထိန်းဂေါပက အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.ကျောက်ဆည်မြို့၌ မိသားစုအပိုဝင်ငွေရှာဖွေနိုင်ရေး သဘာဝခေါင်းလျှော်ရည်နှင့် ဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်း အခမဲ့ ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောက်ဆည်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော မိသားစုအပိုဝင်ငွေ ရှာဖွေနိုင်ရေး သဘာဝခေါင်း လျှော်ရည်နှင့် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယနေ့နံနက်ပိုင်းက အခမဲ့ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲ ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ရန်ကုန်မြို့အခြေစိုက် အင်ဒိုနီးရှားသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr.Novan Ivanhoe Saleh အဖွဲ့အား လက်ခံတွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်သည် မေ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့အခြေစိုက် အင်ဒိုနီးရှားသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr.Novan Ivanhoe Saleh၊ စီးပွားရေးသံမှူး Mr.Arvinanto Soeriaatmadja နှင့် သံမှူး Mr. Wahono Yulianto တို့အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံသည်။

စဉ့်ကူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့​သည်။

ပျော်ဘွယ်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ အများပြည်သူအကျိုးအတွက်ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ လွှတ်တော် ကိုယ်စားလှယ်ရုံးဖွင့်ပွဲကို မေလ ၁၄ ရက်၊ နံနက် ၉ နာရီက မြင်းဘက်ရပ်ကွက်၊ နာရီစင်အနီးရှိ အဆိုပါရုံးတွင် ကျင်းပသည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန၌  စာရေးဆရာမသင်းသင်း(မန္တလာ)မှ တစ်ကိုယ်တော် ကဗျာရွတ်ဆိုပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာပေဖတ်ရူခြင်းဖြင့် ရရှိလာမည့် စာပေအကျိုးကျေးဇူးဗဟုသုတများ တိုးပွားလာစေရန်၊ စာပေချစ်မြတ်နိုးသူများ ဖြစ်လာစေရန်ရည်ရွယ်၍ စာရေးဆရာမသင်းသင်း (မန္တ‌လာ)မှ တစ်ကိုယ်တော်က‌ဗျာရွတ်ဆိုပွဲ ကျင်းပခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး