မန္တလေးတိုင်းဒေသကြီး

ပုဂံရှေးဟာင်းယဉ်ကျေးမှုနယ်မြေ ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုနှင့်တွေ့ရှိ ပစ္စည်းများလေ့လာနိုင်

ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေဖော်ထုတ်မှုကဏ္ဍတွင် ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်သုတေသနပြုမှုသည် အရေးပါသောလုပ်ငန်းတစ်ရပ်ဖြစ်သည်။ တူးဖော် သုတေသနပြုမှုဆိုသည်မှာ သာမန်တူးဖော်မှုနှင့်လွန်စွာကွဲပြားခြားနားပြီး မြေလွှာ (Stratigraphy) တစ်လွှာချင်းစီကို စနစ်တကျဖြင့် တူးဖော်သုတေသနပြုခြင်းဖြစ်သည်။ မြေလွှာတစ်လွှာချင်းစီတွင် တွေ့ရှိရသော တူးဖော်တွေ့ရှိအထောက်အထားများအား စနစ် တကျမှတ်တမ်းတင်ခြင်း၊ ပုံဆွဲများရေးဆွဲခြင်း၊ တွေ့ရှိအထောက်အထားများအား ဆက်စပ်လေ့လာ၍ သုတေသနအစီရင်ခံစာပြုစုရေးသားခြင်းတို့ကိုဆောင်ရွက်ရသည်။ တူးဖော်သုတေသနပြုမှုများမှတွေ့ရှိရသောအထောက်အထားများသည် ယဉ်ကျေးမှုသမိုင်းကြောင်းအား ပိုမိုခိုင်မာစေခြင်း၊ လစ်ဟာနေသောသမိုင်းကွက်လပ်များကို ဖြည့်စွက်ပေးနိုင်ခြင်းတို့ကို များစွာပံ့ပိုးပေးနိုင်ကြောင်း ရှေးဟာင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန(ပုဂံ) ဌာနခွဲတာဝန်ရှိသူများက ရှင်းပြသည်။

ပုသိမ်ကြီးမြို့နယ်၊ ရဲထွဋ်ကျေးရွာနှင့် ပုဂံတပ်ကျေးရွာဆက်သွယ်သည့် အရှည် ၅၁၅‌ပေ အရှည်ရှိ သံကူကွန်ကရစ်တံတားဖွင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ ရဲထွဋ်ကျေးရွာနှင့်ပုဂံတပ်ကျေးရွာတို့ကို ဆက်သွယ်သည့် မေတ္တာပေါင်းကူးတံတားဖွင့်ပွဲအခမ်းအနားကို မေ ၁၄ရက် နံနက် ၉နာရီက ရဲထွဋ်ကျေးရွာရှိ အဆိုပါတံတားထိပ် မင်္ဂလာမုဒ်ဦးတွင် ကျင်းပသည်။

မဟာအောင်မြေမြို့နယ်၌ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်းမြို့နယ်အဆင့် (ဆင့်ပွား)သင်တန်းဖွင့်လှစ်

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်းမြို့နယ်အဆင့် (ဆင့်ပွား)သင်တန်းကို ယနေ့နံနက်ပိုင်းစ၍ အမှတ်(၁၃) အ.ထ.က ကျောင်း၌  ဖွင့်လှစ်သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သာစည်မြို့နယ်ဘဏ်ခွဲ၌ ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ် စတင်ထုတ်ချေး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်  သာစည်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မေ ၁၄ ရက်နံနက် ၁၀ နာရီ က ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ် ထုတ်ချေးငွေပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မိုးရာသီတွင် သစ်ပင်စိုက်ပွဲတော်များနှင့် ပြည်သူလူထုသို့ ဖြန့်ဝေစိုက်ပျိုး‌ရန်အတွက် ပျိုးပင်များပြုစုပျိုးထောင်ထား

မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ၂၀၂၆ ခုနှစ်၊ မိုးရာသီတွင် သစ်ပင်စိုက်ပွဲတော်များ၌ စိုက်ပျိုးရန်နှင့် ပြည်သူလူထုသို့ ဖြန့်ဝေစိုက်ပျိုး‌ရန်အတွက် ပျိုးဉယျာဉ်များ၌ ပြုစုပျိုးထောင်ထားရှိသည့် လူထုဖြန့်ပျိုးပင်များ ရှင်သန်ဖြစ်ထွန်းမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ချမ်းမြသာစည်မြို့နယ်၌ ငလျင်ဘေးဒဏ်ခံစားခဲ့ရသော ရပ်ကွက်နေပြည်သူများအား ဆန်ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငလျင်ဘေးဒဏ်ခံစားခဲ့ရသော ရပ်ကွက်နေပြည်သူများအား ဆန်ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့သည်။

မြင်းခြံမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ယနေ့ နံနက်ပိုင်းမှစတင်၍ တိရစ္ဆာန်ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်၌ အခွန်ဆိုင်ရာသိကောင်းစရာ ဟောပြောပွဲကျင်းပ

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၌ အခွန်ဆိုင်ရာသိကောင်းစရာ ရှင်းလင်းဟောပြောပွဲကို မေ ၁၄ ရက်က နံနက်ပိုင်းက မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၌ ကျင်းပသည်။

ကျောက်ဆည်မြို့နယ်၌ နွေစပါးသီးနှံ ပန်းတိုင်ထွက်နှုန်းရရှိရေး အသိပညာပေးသင်တန်းဖွင့်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ နွေစပါးသီးနှံပန်းတိုင်ထွက်နှုန်းရရှိရေး အသိပညာပေးသင်တန်းကို တောင်နောက်ကျေးရွာအုပ်စု၊ မင်းရဲနည်းပညာပြန့်ပွားရေးစင်တာတွင် ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

တောင်သာမြို့၌ တောင်သူများအား သွင်းအားစုထောက်ပံ့ပေးအပ်ပွဲနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာသင်တန်းဖွင့်

တောင်သာမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် မျိုးစေ့ထုတ်၊ စံပြကွက်များအတွက် တောင်သူများအား သွင်းအားစုထောက်ပံ့ပေးအပ်ပွဲနှင့် ပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာသင်တန်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး