မန္တလေးတိုင်းဒေသကြီး

မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက် မျက်နှာကြီးစေတီတော်ရင်ပြင်တော်၌ (ဒသမ) ကြိမ်မြောက် စာရေးတံဆွမ်းသပိတ်ဆက်ကပ်လှူဒါန်းလှူပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မျက်နှာကြီးစေတီတော်ရင်ပြင်တော်၌ ရတနာဦးကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝိသုဒ္ဓ၏ ဩဝါဒါခံယူကျင်းပသော (ဒသမ)ကြိမ်မြောက် စာရေးတံဆွမ်းသပိတ်ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၆ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေး ရွှေမိုက်များ ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချလေလံပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန် စတုတ္ထပိုင်းဖြစ်သည့် အလယ်ပစ္စယံ၊ အောက်ပစ္စယံ၊ နတ်မုခ်(၄)ခု၊ နတ်လှေကား(၄)စင်း၊ ခြင်္သေ့ကြီး(၄)စီး၊ ကြာသွပ်အိုး(၈)လုံးရှိ ရွှေမိုက်များ ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချလေလံပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ရွှေစည်းခုံစေတီတော်ကြီး အင်္ဂါထောင့်မဏ္ဍပ်တွင်ကျင်းပခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင် ထိခိုက်မှုကြောင့် လုပ်အားဆုံးရှုံးမှုအတွက် အကျိုးခံစားခွင့် ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင် ထိခိုက်မှုကြောင့် လုပ်အားဆုံးရှုံးမှုအတွက် အကျိုးခံစားခွင့်ထုတ်ပေးခြင်းကို ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်လူမှုဖူလုံရေးရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့ မြို့မစျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့်မီးသတ်​ဆေးဘူး​​ဖြင့် မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့မြို့မဈေးတွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်‌သောကြောင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် နိုင်ရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်ကာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးအသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့မွန်လွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ မန္တလေးတိုင်းဒေသကြီးအတွင်း  B.O.T စနစ်ဖြင့် လမ်းတံတားများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန မှ မန္တလေးတိုင်းဒေသကြီးအတွင်း B.O.T စနစ်ဖြင့် လမ်းတံတားများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် လုပ်ငန်းစီမံချက်နှင့် ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများက ဇန်နဝါရီလ (၁၂) ရက်နေ့က ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

စဉ့်ကိုင်မြို့နယ် မြို့မဈေးအတွင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့မဈေးအတွင်း၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့်လက်တွေ့သရုပ်ပြသခြင်းများကို ဇန်နဝါရီလ ၁၃ ရက် နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။        

တံတားဦးမြို့နယ်တွင် ဝါသီးနှံရာသီကုန်တွင် ကျေးရွာအုပ်စု (၁၅) အုပ်စုမှ (၁၄၃၀) ဧက စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဝါသီးနှံရာသီကုန်တွင် ကျေးရွာအုပ်စု (၁၅) အုပ်စုမှ (၁၄၃၀) ဧက စိုက်ပျိုးကြောင်း သိရသည်။

အာနန္ဒာဘုရားကြီး၏ (၉၃၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး၏ (၉၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့နံနက်မှ စတင်၍ လှူဒါန်းထားသည့် ဆွမ်းသပိတ်လုံးများအား ရေစက်သွန်းချ အမျှအတန်းပေးဝေးကာ မြန်မာပြည်အရပ်ရပ်မှ လှူဒါန်းထားရှိသည့် ဆွမ်းသပိတ်လုံးများအား သံဃာတော်အရှင်သူမြတ် ၃၂၀ ပါးတို့အား လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ညောင်ရွှေကျေးရွာတွင် စိုက်ပျိုးထားသော မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း နေကြာ မျိုးကောင်း၊ မျိုးသန့်များ ဖူလုံပြီး ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရေဆင်း (၂) နေကြာ မျိုးကောင်း၊ မျိုးသန့်များနှင့် စိုက်ပျိုးနည်းပညာများ ကူညီရယူပြီး ညောင်ရွှေကျေးရွာတောင်သူ ဦးဝင်းညွှန့် စိုက်ပျိုးထားသော မျိုးစေ့ထုတ် ဆောင်းနေကြာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး