မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့နယ်၌ မြေလွတ်နေရာများတွင် မြန်မာကြက်ဟင်းခါး စိုက်ပျိုးခြင်းဖြင့် မိသားစုများအဆင်ပြေလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် ဆန်စပါးကို အဓိထားစိုက်ပျိုးကြပြီး မြေလွတ်နေရာများတွင် စားဖိုဆောင်စရိတ်သာစေရန် မြန်မာကြက်ဟင်းခါး စိုက်ပျိုးခြင်းဖြင့် မိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သာစည်မြို့နယ်၌ မိုးနှောင်းချည်မျှင်ရှည်ဝါ Grade ခွဲခြားဝယ်ယူစုပေါင်းရောင်းချပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ မိုးနှောင်းချည်မျှင်ရှည်ဝါ Grade ခွဲခြားဝယ်ယူစုပေါင်းရောင်းချပွဲကို ဇန်နဝါရီ ၁၂ ရက်နေ့က တောကင်းကျေးရွာတွင် ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူဒါန်းပွဲပြုလုပ်

၂၀၂၅ ခုနှစ် နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲ၊ ရေစက်ချအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူဒါန်းပွဲကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ မန္တလေးတောင်ခြေရှိ မဟာသကျမာရဇိန်ကျောက်တော်ကြီး ဘုရားရင်ပြင်တော်တွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် (၁၇) ကြိမ် မြောက်ပန်းပွဲတော်အား ဇန်နဝါရီလ ၁၉ရက်နေ့အထိ ထပ်မံတိုးမြှင့်ဖွင့်လှစ်

မြန်မာနိုင်ငံ၏ အထိမ်းအမှတ် Landmark တစ်ခုဖြစ်သည့် ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၏ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် (၁၇) ကြိမ် မြောက်ပန်းပွဲတော်( Floral Fantasia 2024)သို့ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ လာရောက်အပန်းဖြေသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့အထိ ထပ်မံတိုးမြှင့် ဖွင့်လှစ်ထား ကြောင်းသိရသည်။

အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူဒါန်းပွဲပြုလုပ်

၂၀၂၅ ခုနှစ် နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲ၊ ရေစက်ချအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူဒါန်းပွဲကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ မန္တလေးတောင်ခြေရှိ မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရားရင်ပြင်တော်တွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ဗထူးမိုးလုံလေလုံအားကစားရုံတွင် လက်မောင်းလှဲပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မေမေဂျယ်လီအချိုရည်နှင့် KLK Armwrestling Myanmar တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် လက်မောင်းလှဲပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မန္တလေးမြို့၊ ချမ်း‌အေးသာစံမြို့နယ်၊ လမ်း၃၀၊ ၇၀/၇၁ လမ်းကြားရှိ ဗထူးမိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ် ကျန်တောကျေးရွာအုပ်စု ကွင်းအမှတ်(၄၈၉)ကွင်းအတွင်းရှိ ကုလားပဲစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျန်တောကျေးရွာအုပ်စု ကွင်းအမှတ်(၄၈၉)ကွင်းအတွင်းရှိ ကုလားပဲစိုက်ခင်းများအောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး စျေးကောင်းရရှိရန်ဒေသခံတောင်သူများမျှော်လင့်နေကြောင်း သိရသည်။

ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၌ ကျောင်းတွင်းအားကစား ပြိုင်ပွဲများကျင်းပ

ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)၏ တက္ကသိုလ်တွင်း အားကစားပြိုင်ပွဲများကျင်းပခြင်းကို ယမန်နေ့နံနက်ပိုင်းကစတင်ကာ ဒုတိယပါမောက္ခချုပ် ပါမောက္ခဒေါက်တာလင်းထက်မြင့်ဦးဆောင်၍ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။

မိတ္ထီလာခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား အထူးစျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

သာစည်မြို့နယ် အ.ထ.က(ခွဲ)ကြာဘက်ကုန်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ကျောင်းသားလူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၀ ရက်က အ.ထ.က(ခွဲ)ကြာဘက်ကုန်းတွင် ပြုလုပ်ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး