ရတနာပုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) အပြည်ပြည်ဆိုင်ရာ စစ်တုရင် ပြိုင်ပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရတနာပုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) အပြည်ပြည်ဆိုင်ရာစစ်တုရင် တစ်ဦးချင်းပြိုင်ပွဲနှင့် အသင်းလိုက်ပြိုင်ပွဲကို ဇန်နဝါရီ ၁၃ ရက် နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ ပညာပြည့်ဝနှလုံးလှခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။