ချမ်းမြသာစည်မြို့နယ်၌ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းနေ့လယ်စာအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း နေ့လယ်စာအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။