မိတ္ထီလာမြို့နယ် သံဃနာယကအဖွဲ့အနားယူခြင်း၊ ပြန်လည်ရွေးချယ်ခြင်းနှင့် အဋ္ဌမအကြိမ် မြို့နယ်သံဃာ့ဝန်ဆောင် (ဆဋ္ဌမ) အစည်းအဝေးအခမ်းအနား ကျင်းပ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သံဃနာယကအဖွဲ့အနားယူခြင်း၊ ပြန်လည်ရွေးချယ်ခြင်းနှင့် အဋ္ဌမအကြိမ် မြို့နယ်သံဃာ့ဝန်ဆောင် (ဆဋ္ဌမ) အစည်းအဝေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ရန်မျိုးအောင်ရပ်ကွက် သာသနာ့ဝေပုလ္လပါဠိတက္ကသိုလ်ကျောင်းတိုက် မဟာဝိဇယဓမ္မဗိမာန်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။