မန္တလေးတိုင်းဒေသကြီး

Round Baler (ကောက်ရိုးထုံးစက်) အသုံးပြု၍ တောင်သူအကျိုးပြုလုပ်ငန်း သရုပ်ပြဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ သာလှအေးကျေးရွာရှိ တောင်သူဦးထွန်းထွန်းဦးပိုင် ကွင်းအမှတ် ၅၇၀/ ခ၊ ပေါက်အင်းကွင်း၊ ကွင်းအမှတ် ၁၅/ ၁ ရှိ၄.၉၈ ဧကလယ်မြေတွင် ယနေ့နံနက် ၉ နာရီအချိန်က အမရပူရမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက Round Baler (ကောက်ရိုးထုံးစက်)၊ Rotary Mulcher (ကောက်ရိုး ဖြတ်ခုတ်စက်)များအသုံးပြု၍ တောင်သူအကျိုးပြုလုပ်ငန်းများ သရုပ်ပြပွဲကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ အရှိန်ဟုန်မြှင့်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ရှိ ရပ်ကွက်/ ကျေးရွာများနှင့် စက်မှုလုပ်ငန်းများတွင် မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းများနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဝင်းပဲကြော် ပဲလှော်ဖိုစက်ရုံတွင်လည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးစီမံကိန်း ကြက်သွန်နီ စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၌ ဒေသတွင်းစားသုံးမှုဖူလုံစေရန်အတွက် ကြက်သွန်နီသီးနှံ စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ရမည်းသင်းခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကြက်သွန်နီ(၁၀၅၀)ဧက စိုက်ပျိုးထားကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီဌာနမှ သိရသည်။

ငါန်းဇွန်မြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ ပတ်ဝန်းကျင်ဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ (၁၃၄)ကြိမ်မြောက် တပို့တွဲလ(နှမ်းမနဲ) ပွဲတော်တွင် ရပ်ကွက်/ ကျေးရွာပေါင်းစုံအလွတ်တန်းအမျိုးသားဂိုးလတ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ (၁၃၄) ကြိမ်မြောက် တပို့တွဲလ(နှမ်းမနဲ)ပွဲတော်တွင် ရပ်ကွက်/ ကျေးရွာပေါင်းစုံ အလွတ်တန်း အမျိုးသားဂိုးလတ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ရွှေမုဋ္ဌောဘုရားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။     

ရသေ့ကြီးဦးခန္ဏီ အထိမ်းအမှတ် (၇၆) ကြိမ်မြောက် ဆွမ်းကြီးလောင်းပွဲ ကျင်းပ

သာသနာ့ဟိတဓဇနာယက ရသေ့ကြီးဦးခန္ဏီ အထိမ်းအမှတ် (၇၆) ကြိမ်မြောက် ဆွမ်းကြီးလောင်းပွဲတော်ကို ယနေ့နံနက် ၆ နာရီက မန္တလေးတောင်ခြေရှိ အဘယာရာမ မိုးထိကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။

မိတ္ထီလာမြို့နယ် မုန်တိုင်ကျေးရွာတွင် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် မုန်တိုင်ကျေးရွာတွင် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို တာဝန်ရှိသူများ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

တံတားဦးမြို့နယ်အတွင်း အခြေခံပညာကျောင်း ၁၂၁ ကျောင်းရှိ KG တန်း ကျောင်းသား/သူများအားကျောင်းတွင်း အာဟာရကျွေးမွေး

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း(၁၂၁)ကျောင်းတွင် ပညာသင်ယူနေသောKG တန်းမှ ကျောင်းသား/သူ ၂၄၃၂ ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျောင်းတွင်းအာဟာရကျွေးမွေးမှုကို ယမန်နေ့နံနက်ပိုင်းက တံတားဦးမြို့ မြို့မ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက်ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြသပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင်  သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအကြောင်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ယမန်နေ့မွန်းလွဲ (၁) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး