မန္တလေးတိုင်းဒေသကြီး

အမရပူရမြို့၊ မှန်တန်းရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်၊ ရွာသာရပ်ကွက်ရှိ မိုးကောင်းဘုရားဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ရပ်ကွက်နေပြည်သူများကို ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို တက္ကသိုလ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၇၈)နှစ်မြောက်  ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို တက္ကသိုလ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံနက် ၉နာရီ ၃၀မိနစ် အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ် အောင်ပန်းမြေကိုယ်ပိုင် အလယ်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေလေ့လာ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကို အခြေခံပညာအထက်တန်းကျောင်းများ၊ ကိုယ်ပိုင် ကျောင်းများနှင့် ဘ/က ကျောင်းများတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉:၃၀) နာရီအချိန်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို အောင်ပန်းမြေကိုယ်ပိုင် အလယ်တန်းကျောင်း၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဝမ်းတွင်းမြို့မရဲစခန်း၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့မရဲစခန်း၌ မီးဘေးကြိုတင် ကာကွယ်ရေးဟောပြောခြင်းနှင့်လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ် ကူမဲမြို့တွင် လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်း စိစစ်ကောက်ယူခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့တွင် လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစိစစ်ကောက်ယူခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီလ (၃) ရက်နေ့က ကူမဲမြို့ အမှတ် (၁) ရပ်ကွက်တွင်  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ဝါသီးနှံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(ကျောက်ဆည်)တွင် ဧက (၂၀) စိုက်ပျိုးထားသော ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်သည် ဆည်ရေသောက်စနစ်ဖြစ် နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် နေရာဒေသအလိုက် သီးနှံမျိုးစုံ နှစ်ပတ်လည်စိုက်ပျိုးကြကြောင်းနှင့် သီးနှံများ စိုက်ပျိုးရာတွင် အောင်မြင်ရေးနှင့်ကုန်ကျမှုသက်သာစေရေး မြေဆီမြေဩဇာကောင်းမွန်သည့် ပိုက်ဆံလျှော်များ ပိုမိုစိုက်ပျိုးအသုံးပြုလာကြကြောင်း သိရပြီး ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ကျောက်ဆည်) တွင် ဧက (၂၀) အကျယ် စိုက်ပျိုးထားသော ပိုက်ဆံလျှော်မျိုးစေ့စိုက်ခင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ၂၀၂၄/၂၀၂၅ ခုနှစ် နွေစပါး၊ နွေသီးနှံလျာထားမှု စိုက်ပျိုးအားကောင်းရန် တောင်သူစိုက်ပျိုးနည်းပညာပေး ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးနည်းပညာများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တောင်သူပညာပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၃ ရက်နေ့ နေ့လည်ပိုင်းက ဥသျှစ်ကုန်း ကျေးရွာအုပ်စုရှိ၊ သမတန်းကျေးရွာ ဘုံကွင်း၌ ကျင်းပခဲ့သည်။

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ်သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ပထမအဆင့် ရွေးချယ်ရေးစာမေးပွဲ ကျင်းပ

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်) ပထမနှစ်သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ပထမအဆင့် ရွေးချယ်ရေးစာမေးပွဲကို အဆိုပါတက္ကသိုလ်တွင် ကျင်းပခဲ့သည်။

မဟာမြတ်မုနိဘုရားကြီး ၆၆ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (ပဉ္စမ)အကြိမ် ဓမ္မသဘင်တရားပူဇော်ပွဲ ကျင်းပသွားမည်

မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီး၏ ၆၆ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ ၁၂ ရက် (တပို့တွဲလပြည့်နေ့) နံနက် ၆ နာရီတွင် မြတ်စွာဘုရားအမှူးပြုသော သံဃာတော်အပါး ၁၅၀၀ တို့အား စာရေးတံမဲနှင့်တကွ ဆွမ်းတော်ကြီးလောင်းလှူပွဲတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလှူဒါန်းသွားမည်ဖြစ်ပြီး (ပဉ္စမ) အကြိမ် ဓမ္မသဘင်တရားပူဇော်ပွဲကို မဟာမုနိဘုရားကြီး၊ နာရီစင်အနီး၊ နိဗ္ဗာန်လမ်းတွင် ဖေဖော်ဝါရီ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ထံက သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးနှင့် မီးလောင်မှုမဖြစ်ပွားစေရေး စစ်ဆေးပညာပေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီကာလ မီးလောင်/ မီးလန့်မှု မဖြစ်ပွားစေရေးနှင့် မီးဘေးလုံခြုံရေး တို့အတွက် ကျောင်းအခြေပြု စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ဖေဖော်ဝါရီ (၃) ရက်နေ့ နံနက် (၁၀) နာရီမှစတင်၍ မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း ၄ ကျောင်းနှင့် ပုပ္ပား လက်ပံပျား အခြေခံပညာအထက်တန်းကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး