မန္တလေးတိုင်းဒေသကြီး

ပုသိမ်ကြီးမြို့နယ် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကွန်ကရစ်တံတား(၁)စင်း တည်ဆောက်ပြီးမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချော- ဆည်တော်-ဂိုက်တန်းလမ်းပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် ကမ်းကပ်ခုံနှစ်ဘက်ကျိုးကျ ပျက်စီးသွားသည့် ပေ(၄၀)အရှည်ရှိ ကွန်ကရစ်တံတားနေရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (မူလ)ရန်ပုံငွေ ကျပ် (၂၆၄.၀၀) သန်းဖြင့် (၁၈.၂၉) မီတာအရှည်ကွန်ကရစ်တံတား(၁)စင်းပြန်လည် အကောင်အထည်ဖော် တည်ဆောက်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ် အောင်ပန်းမြေကိုယ်ပိုင် အလယ်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေလေ့လာ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် “လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ” များကို အခြေခံပညာအထက်တန်းကျောင်းများ၊ကိုယ်ပိုင် ကျောင်းများနှင့် ဘ/က ကျောင်းများတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကို အောင်ပန်းမြေကိုယ်ပိုင် အလယ်တန်းကျောင်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၂၈၀)မှ KG ကျောင်းသား၊ ကျောင်းသူ(၄၄၁၃)ဦးတို့အား ကျောင်းတွင်းနေ့လယ်စာ အဟာရကျွေးမွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ တတိယအကြိမ်အဖြစ်၊ KG ကလေးငယ်များအား နေ့လယ်စာ ကျောင်းတွင်း အဟာရကျွေးမွေးခြင်းကို ယမန်နေ့နံနက်(၁၁)နာရီက သီရိမင်္ဂလာရပ်ကွက်ရှိ မြို့ရှေ့အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁) နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်‌ကျွေးပေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဆရာမများ၊  သားဖွားဆရာမများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များတို့မှ မြို့ပေါ် (၆) ရပ်ကွက်မှ ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးကင်းစမှ(၁)နှစ်ခွဲအောက် ကလေးငယ်များ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်‌ကျွေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါမိခင်နှင့်ကလေးကျန်းမာရေး ဌာနရုံးခန်းတွင် ကာကွယ်ဆေးများ ထိုးနှံတိုက်‌ကျွေးပေးခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ် သမဝါယမအသင်းစု ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်များ ရွေးချယ်တင်မြောက်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်များ ရွေးချယ်တင်မြောက်ပွဲကို ယနေ့နံနက် ၉ နာရီက ရမည်းသင်းမြို့နယ် သမဝါယမအသင်းစု သက်တံ့ရောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၌ အသက် ၁၈ နှစ်အထက် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ကောက်ယူခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် အသက် ၁၈ နှစ်အထက် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိတ္ထီလာမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေးရှင်းလင်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေး ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အကြို ဆောင်းပါး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ

အမရပူရ​​မြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်၌ ကျောင်းသားလူငယ်များအတွင်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ပိုမိုရှင်သန်ထက်မြက်ရေး၊ အမျိုးသားရေးစိတ်ဓာတ်၊ နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်လိုသည့် စိတ်ဓာတ်နှင့် ပြည်ထောင်စုမပြိုကွဲရေးစိတ်ဓာတ်များ ထက်မြက်မှန်ကန် မြင့်မားစေရေး ရည်ရွယ်ချက်တို့ဖြင့် ကျင်းပပြုလုပ်သည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်ပါးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ အဆိုပါတက္ကသိုလ်ရှိ အဆောင်-၃၁ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံစေရန် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အမှတ် (၃၄) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပသည်။

ပျော်ဘွယ်မြို့နယ်၊ မယ်ဇလီအိုင့်ကျေးရွာတွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေး၊ ငယ်ရွယ်စဉ်မှ စတင်ကာ စာပေဖတ်ရှုတတ်စေရန် ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်း အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ (၄) ရက်၊ နံနက် (၉) နာရီက မယ်ဇလီအိုင့်ကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး