မန္တလေးတိုင်းဒေသကြီး

တံတားဦးမြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မွေးကင်းစမှစတင်၍ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့်  ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် တိုက်ကျွေးလုပ်ငန်းကို တံတားဦးမြို့ပေါ်ရှိ ရပ်ကွက် (၁၊ ၂၊ ၃)အုပ်အုစုများမှ ရပ်ကွက်များအတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ယနေ့နံနက်ပိုင်းက အမှတ် (၁၊ ၂၊ ၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အသီးသီးတွင် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ KG ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကျောင်းတွင်း အာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်မိအခြေခံပညာရေးဦးစီး ဌာနတို့ပူးပေါင်း၍ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် KG ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို ယနေ့နံနက် (၁၀)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိတ္ထီလာမြို့နယ်အတွင်းမှ အခြေခံပညာကျောင်း ၂၆၃ ကျောင်းရှိ KG တန်းမှ ကျောင်းသား/သူများအား တတိယအကြိမ်ကျောင်းတွင်းအာဟာရကျွေးမွေးမှု ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း ၂၆၃ ကျောင်းတွင် ပညာသင်ယူနေသော ကျောင်းသူကျောင်းသား ၄၈၄၆ ဦးအား  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၏ ဒုတိယအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးမှုကို ယနေ့ နံနက် ၁ဝ နာရီအချိန်က အ.ထ.က (ချည်စက်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်တွင် မဟာအောင်မြေမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အမှတ် (၃၀) အခြေခံပညာ မူလတန်းကျောင်း၌ ယနေ့ နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။

မဟာအောင်မြေမြို့နယ်၊မြတောင်ကျောင်းတိုက်၌ အဋ္ဌမအကြိမ် မြို့နယ်သံဃနာယကအဖွဲ့အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်းနှင့် မြို့နယ် သံဃဝန်ဆောင် အစည်းအဝေးအားကျင်းပ

မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက်၊ မြတောင်ကျောင်းတိုက်အတွင်းရှိ ခေမာဝင်းကျောင်းတိုက်တွင် အဋ္ဌမအကြိမ် မြို့နယ်သံဃနာယကအဖွဲ့ အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်းနှင့် မြို့နယ်သံဃဝန်ဆောင် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်တွင် ၂၀၂၄/၂၀၂၅ ခုနှစ်၊ နွေစပါး၊ နွေသီးနှံလျာထားမှု စိုက်ပျိုးအားကောင်းရန် တောင်သူစိုက်ပျိုးနည်းပညာပေးဆွေးနွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးနည်းပညာများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တောင်သူပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ရွာသစ်ကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာတွင် ​ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ၂၁ ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးပန်းမန် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှု

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့ မွန်းလွဲပိုင်းက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောင်ရွက်မည့် ၂၁ ကြိမ်မြောက် မြို့တော် ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးပန်းမန်ပြပွဲ၊ ပြိုင်ပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ၂၁ ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးပန်းမန် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့တက်ရောက်

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၁ ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့်သစ်သီး ပန်းမန်ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးများကို ယမန်နေ့နံနက်ပိုင်းက  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ လားရှိုးပညာရေးဒီဂရီကောလိပ်၏၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေမန္တလာအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိကိုင်ဆောင်စေရေး မြေပြင်ကွင်းဆင်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူ အားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိကိုင်ဆောင်စေရေး မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှ စတင်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး