မြစ်သားမြို့နယ်တွင် ရေဆင်း (၁၄) ကုလားပဲမျိုးစိုက်ခင်းများအာင်မြင်ဖြစ်ထွန်း

မြစ်သား ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်တောင် သူများအနေဖြင့်ဒေသနှင့်ကို က်ညီသည့်ဆောင်းကုလား ပဲမျိုးများစိုက်ပျိုးကြရာ   ငါးဆူကျေးရွာအုပ်စု၊ ရွှေကြာအင်းကျေးရွာတွင်  ဒီဇင်ဘာလမှ   စိုက်ပျိုးထားသည့် တောင်သူ ဦးဝင်းမြင့်၏ ရေဆင်း (၁၄) ကုလားပဲမျိုးစိုက်ခင်းများ  အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်းသိရသည်။

မြစ်သားမြို့နယ်တွင် ဒေသနှင့်ကိုက်ညီသည့် ဆောင်းကုလားပဲ မျိုးများစိုက်ပျိုးမည်ဆိုပါကဒေသ ရေ၊ မြေနှင့်ကိုက်ညီသည့် ရေဆင်း (၁၄) ကုလားပဲမျိုးများကို စနစ်တကျအပင်အကွာအဝေး သင့်တော်သည့် အနေအထားအစိုဓာတ်ရှိချိန်တွင်စိုက်ပျိုးရကြောင်း သိရသည်။ ကုလားပဲ စိုက်ပျိုးရာတွင်မျိုးစေ့၊ ထွန်ရှင်းခ နှင့်ဆေးဖိုးအပါအဝင်ငွေကျပ်(၃)သိန်းကျော်ကုန်ကျပြီး ယခင်နှစ် စိုက်ပျိုးချိန်က(၁)ဧက (၁၉)တင်းနီးပါးထွက်ရှိခဲ့ပြီး ဝယ်ယူသည့် ဈေးနှုန်း အသင့်သင့်ရရှိခဲ့၍ ယခုနှစ်တွင်လည်း ကုလားပဲစိုက်ခင်းများသည် အပွင့်၊ အသီးများ သိသိသာသာကောင်းမွန်၍ အထွက်နှုန်း ကောင်းပြီးဈေးကောင်းရရှိရန် တောင်သူများ မျော်လင့်လျက်ရှိကြောင်း ဦးဝင်းမြင့် ပြောကြားချက်အရသိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၉၂) အုပ်စုရှိ၍ ဒေသရေမြေသဘာဝ ထွက်ရှိမှု၊ ဝယ်ယူမှု စားသုံးမှု နှင့်ကိုက်ညီသော အထွက်ကောင်းရေဆင်း (၁၄) ကုလားပဲမျိုး များကို ဒေသခံတောင်သူများက ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

ဝါဝါမြင့် (မြစ်သား)