ကျောက်ပန်းတောင်း မတ် ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲများကို မတ်လ (၃) ရက်နေ့မှ မတ်လ (၈) ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ရာ မတ်လ (၆) ရက်နေ့က စတုတ္ထနေ့အဖြစ် သိပ္ပံဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်များအား ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် Grade-5 စာမေးပွဲကို အခြေခံပညာမူလတန်းကျောင်း ၄၂ ကျောင်းမှ ဖြေဆိုရန်စာရင်းရှိ ကျား-၂၀၈၃ဦး၊ မ-၂၂၁၅ ဦး စုစုပေါင်း ၄၂၉၈ ဦးရှိသည့်အနက်၊ ဖြေဆိုသူ ကျား-၂၀၂၇ ဦး၊ မ-၂၀၇၉ ဦး စုစုပေါင်း ၄၁၀၆ ဦး ဝင်ရောက်ဖြေဆိုကြရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၇.၈၆ ရာခိုင်နှုန်းရှိကြောင်း သိရပြီး၊ အလယ်တန်းအဆင့် Grade-9 တွင် အခြေခံပညာကျောင်း ၂၇ ကျောင်းမှ ဖြေဆိုရန် စာရင်းရှိ ကျား-၁၄၄၀ ဦး၊ မ- ၁၆၄၀ဦး စုစုပေါင်း ၃၀၈၀ ဦး အနက်၊ ဖြေဆိုသူ ကျား-၁၃၉၇ ဦး၊ မ-၁၆၁၆ ဦး စုစုပေါင်း ၃၀၁၃ ဦး ရှိရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၈.၄၆ ရာခိုင်နှုန်း ရှိကြောင်းနှင့် ယနေ့ဖြေဆိုသည့် သိပ္ပံဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့ကို အေးချမ်းစွာဖြေဆိုခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)