မန္တလေးတိုင်းဒေသကြီး

အနုပညာအထက်တန်းကျောင်း(မန္တလေး) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ၊ အနုပညာအထက်တန်းကျောင်း(မန္တလေး)၏ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ အမျိုးသားဇာတ်ရုံ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများ၊ အထက်တန်းကျောင်း(မန္တလေး)ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းချီ၊ ပန်းပု ကျောင်းဆင်းလက်ရာမွန်ပန်းချီကားများနှင့် ပန်းပုရုပ်များကို လှည့်လည်ကြည့်ရှုအားပေးကြ သည်။

၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈) နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

၂ဝ၂၅ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ် ပေါင်းစုံ အသက် (၁၈) နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာအားကစားကွင်းတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးစောငြိမ်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခများ၊ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆို

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ  ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပနေသည့် ချမ်းအေးသာစံမြို့နယ်ရှိ စာဖြေဌာန အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းသို့ ယမန်နေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိပြီး စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများအား ဖူးမြော်၍ ဩဝါဒများခံယူပြီး စာဖြေခန်းများတွင် စာဖြေသံဃာတော်များ၊ သီလရှင်များအေးချမ်းစွာဖြင့် စာဖြေဆိုနေမှုများကို လိုက်လံကြည့်ရှု ကြည်ညိုကာ တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း အစိုးရဓမ္မာစရိယစာမေးပွဲစာဖြေဌာန ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုနှင့် ဝင်ရောက်ဖြေဆိုမှု အခြေ အနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ စာဖြေသံဃာတော်များနှင့် သီလရှင်များ စိတ်ချမ်းမြေ့စေရေး အလေးထား ဆောင်ရွက်သွားကြရန် မှာကြားပြီးလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

မန္တလေးတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တကေသဝ မဟာထေရ်မြတ်ကြီးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနား ကျင်းပ

၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၄)ရက် (လွတ်လပ်ရေးနေ့)တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁/၂ဝ၂၅ ဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဖြစ်သည့် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ရရှိတော်မူသော မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တကေသဝ မဟာထေရ်မြတ်ကြီးအား ထပ်ဆင့် ဂုဏ်ပြုပူဇော်ခြင်း ဂုဏဝိသိဋ္ဌပူဇာသဘင် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှိ ရွှေအင်းဝဗိမာန်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အမရပူရမြို့၌ စူဠဘွဲ့နှင်းသဘင်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင် အမရပူရမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နေ့လယ် ၁ နာရီအချိန်က ၂၀၂၄ ခုနှစ်၊ ပထမကြီး၊ ပထမလတ်၊ ပထမငယ်နှင့် အခြေပြုမူလတန်းအောင်မြင်တော်မူသော ရဟန်းရှင်နှင့်သီလရှင်တို့ကို စာအောင်လက်မှတ်နှင့် လှူဒါန်းငွေပေးအပ်ပွဲ စူဠဘွဲ့နှင်းသဘင်ကို ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် အစိုးရဓမ္မာစာရိယစာမေးပွဲ စတင်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက်၊ နေလသုခဗိမာန်(ဗြဟ္မဝိဟာရ) လေးထပ်ဆောင်၌ ယနေ့မွန်လွဲ(၁)နာရီက သာသနာတော်သန့်ရှင်းရေးနှင့် တည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ အစိုးရဓမ္မာစရိယစာမေးပွဲ စတင်ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။

ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အန္တရာယ်ဖြစ်နိုင်ချေရှိ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမှုနေထိုင်ခြင်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်ကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ် (၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်တွင် နွေစပါးစိုက်ဧက (၂၀၁၁၀) လျာထား ဆောင်ရွက်ရာ ဧက (၁၀၂၀၀) စိုက်ပျိုးပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကင်းတားရေလှောင်တမံ ဆည်ရေဖြင့် နွေစပါးစိုက်ပျိုးလျက်ရှိပြီး ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါးစိုက်ဧက (၂၀၁၁၀) လျာထား ဆောင်ရွက်လျက်ရှိရာ (၁၀၂၀၀) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ငါန်းဇွန်မြို့တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ပေါ်ရပ်ကွက်များအတွင်း လူစည်ကားရာနေရာများ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဝန်ထမ်းများက နှစ်(၈၀)ပြည့် တပ်မတော် နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများအား အခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မြန်မာနိုင်ငံရှိ ကလေးငယ်များအား ကျောင်းနေရွယ်အချိန်တွင် ပြင်ပလုပ်ငန်းခွင်များ၌ခိုင်းစေမှု လျော့နည်းပပျောက်စေရေး စသည်တို့ကိုရည်ရွယ်ကာ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သင်္ဂတုံကျေးရွာရှိ "ဘဝအလင်းသစ်" စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး