မန္တလေးတိုင်းဒေသကြီး

ပြည်ကြီးတံခွန်မြို့နယ်(ဃ)ရပ်ကွက်တွင် မီးလောင်မီးလန့်မှုမဖြစ်ပွားစေရန်  ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်တွင် ယမန်နေ့နံနက် ၈ နာရီခွဲအချိန်မှစ၍ မီးဘေးအန္တရာယ်ကကြိုတင်ကာကွယ်နိုင်ရန် မီးလောင်မီးလန့်မှုမဖြစ်ပွားစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

တံတားဦးမြို့နယ်ရုံးတွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးကြောင်းသိရသည်။

ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲနှင့် ရပ်ကျေးကြက်ခြေနီသင်းခွဲငယ် ဖွဲ့စည်းခြင်းအခမ်းအနားပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဥယျာဥ်တော်ကျေးရွာ၊ အမှတ် ၅ ရပ်ကွက်ရှိ ပြည်တော်သာဓမ္မာရုံတွင် ယနေ့နံနက် ၉ နာခွဲအချိန်က အမရပူရမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဦးစီးကျင်းပသည့်  ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲနှင့် ရပ်ကျေးကြက်ခြေနီ သင်းခွဲငယ်ဖွဲ့စည်းခြင်းအခမ်း အနားကို ကျင်းပခဲ့သည်။

ပုသိမ်ကြီးမြို့နယ်တွင် နွေရာသီ အခြေခံ အင်္ဂလိပ် Speaking သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် နွေရာသီ ကျောင်းပိတ်ရက် ကလေးများအတွက် အခြေခံအင်္ဂလိပ် Speaking သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါဌာနရှိ ပံသုကျီခန်းမ၌ ကျင်းပခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က(၂၇)နှင့် အ.ထ.က(ခွဲ) ၂၄ကျောင်းတို့၌ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲ သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဆရာ၊ဆရာမများ၏ သင်ကြားရေးအရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့်  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ မူလတန်း၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြင့် ဆွေးနွေးပွဲ သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီ က အဆိုပါ မြို့နယ်ရှိ အ.ထ.က (၂၇) နှင့် အ.ထ.က (ခွဲ) -၂၄ ကျောင်းတို့၌ ဖွင့်လှစ်ခဲ့သည်။

ညောင်ဦးမြို့ မြင်းကပါကျေးရွာရှိ မနုဟာမင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် မနုဟာဘုရားကြီး ရွှေသင်္ကန်းကပ်လှူပူဇော်မည်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြင်းကပါကျေးရွာရှိ မနုဟာဘုရားကြီး ထီးတော်နှင့်အရံစေတီများ ရွှေသင်္ကန်း ကပ်လှူပူဇော်မည်ဖြစ်ကြောင်း မနုဟာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံကသိရသည်။

ညောင်ဦးမြို့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများသို့ ခရိုင်/မြို့နယ်ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများသို့ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပုဂ္ဂလိကဆေးရုံများ သက်မှတ်ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်တွင် ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

နှစ်(၈၀) ပြည့် တပ်မတော်နေ့အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် (၁၀)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့မစည်ပင်သာယာဈေးဝန်းကျင်နှင့် လူစည်ကားရာ ကားဂိတ်များတွင် ဖြန့်ဝေခဲ့ကြသည်။

ကျောက်ပန်းတောင်းမြို့နယ်ရှိ ဘူမိနယ်မြေ(၄)ပုပ္ပားတောင်သွားရာလမ်း သုံးထပ်ကွေ့ ဧရာဝတီကျောက်လွှစုကိုလေ့လာနိုင်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက်ရှိ ပုပ္ပားတောင်သည် နှစ်သန်းပေါင်းများစွာက မီးတောင်ရှင်တစ်လုံးဖြစ်ခဲ့ပြီး မီးတောင်ပေါက်ကွဲစဉ် မီးတောင်ပြာများ၊ ချော်တုန်းချော်ခဲများ နှစ်ကာလကြာမြင့်လာချိန် အသွင်ပြောင်းလာရာမှ တန်ဖိုးမဖြတ်နိုင်သည့် ကျောက်ဆိုင်ကျောက်သားများဖြစ်လာကာ ရှေးနှစ်သန်းပေါင်းများစွာကတည်းက ပတ်ဝန်းကျင်ဂေဟစနစ်ပြောင်းလဲလာသည့် ဘူမိနယ်မြေ(၄)ဧရာဝတီ ကျောက်လွှာစုကို လေ့လာနိုင်ကြောင်း  ပုပ္ပားတောင်ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးတင်အုန်းကျော်ထံကသိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် မန္တလေးမြို့တွင် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးမြို့တွင် ၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲ တော်ကိုစည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးမြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် သံဃာတော် ၁၀၈ ပါးဖြင့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ရေးနှင့် ကောင်းမှုကုသိုလ်ပြုလုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီများမှ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး