မန္တလေးတိုင်းဒေသကြီး

မဟာသုန္ဒရာရာမပရိယတ္တိစာသင်တိုက်တွင် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုနေမှုများအား မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သွားရောက်ကြည့်ရှု

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး  ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပနေသည့် (ဎဂ) စာဖြေဌာန၊ မဟာသုန္ဒရာရာမပရိယတ္တိစာသင်တိုက်သို့ မတ်လ (၂၇) ရက်နေ့ မွန်းလွဲပိုင်းက သွားရောက်ကာ အစိုးရဓမ္မာစရိယ စာဖြေဌာနကြီးကြပ်ရေးအဖွဲ့ ဩဝါဒဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ဆရာတော်များအား ဖူးမြော်၍ စာဖြေသံဃာတော်နှင့် သီလရှင်များ စာဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုကြည်ညိုကြသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၊ တပ်မတော်နေ့အထိမ်းအမှတ် စစ်ရေးပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ နန်းမြို့အတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပရာမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊အရာရှိ၊ အရာခံ၊အကြပ်၊စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များနှင့်ချီတက်လာမည့် စစ်ရေးပြတပ်ခွဲများအားအောင်သပြေခက်ဖြင့်အန္တရာယ်ကင်း ပရိတ်ရေများဖျန်းပက်ချီးမြှင့်ပေးတော်မူကြမည့် ဆရာတော်၊ သံဃာ တော်များ၊ ဂုဏ်ပြုပန်းကုံးစွပ်၍ ချီးမြှင့်ပေးကြမည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၇၀၀၀) ကျော်ခန့်တက်ရောက်ကြသည်။

ပရိယတ္တိသာသနဟိတအသင်းကြီးတွင် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုနေကြသည့် စာဖြေသံဃာတော်များအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်  သွားရောက်ကြည့်ရှု

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်တာဝန်ရှိသူများ လိုက်ပါပြီး  ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပနေသည့် အမှတ်(၂)(ဎ-ခ)ဓမ္မာစရိယစာဖြေဌာန၊ ပရိယတ္တိသာသနဟိတအသင်းကြီးသို့ ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၅)သို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီး၊ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅)ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းကကျင်းပရာ တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပန်းသေးဗလီသို့ သွားရောက်၍ ဥပုသ်ဆောက်တည်နေသော အစ္စလာမ်ဘာသာဝင်ဥပုသ်သည်များအတွက် အာဟာရဖြည့်စွက်စာများ သွားရောက်လှူဒါန်း

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယမန်နေ့ ညနေပိုင်းက ရမ်ဇာန်လမြတ်ကာလတွင် ဥပုသ်ဆောက်တည်နေသော ပန်းသေးဗလီရှိအစ္စလာမ်ဘာသာဝင် ဥပုသ်သည်များအတွက် အာဟာရဖြည့်စွက်စာများ သွားရောက်လှူဒါန်းကြသည်။

မိတ္ထီလာခရိုင်တွင် တိရစ္ဆာန်ဆေးကုသိပ္ပံသင်တန်းသား၊ သင်တန်းသူများအတွက် လက်တွေ့ကွင်းဆင်းလေ့ကျင့်ခြင်းဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အသိပညာရှင်၊ အတက်ပညာရှင်နှင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် ဖွင့်လှစ်သည့် တိရစ္ဆာန်ဆေးကုသိပ္ပံ (၁)နှစ် ဒီပလိုမှာသင်တန်းမှ သင်တန်းသား သင်တန်းသူများ လက်တွေ့ကွင်းဆင်းလေ့ကျင့်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ ပြန်ကြားရေးပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ပူပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “အသက်နှစ်ဆယ်အရွယ်များသို့” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများသည် မြန်မာနိုင်ငံရှိ ကလေးငယ်များအား ကျောင်းနေရွယ်အချိန်တွင် ပြင်ပ လုပ်ငန်းခွင်များ၌ ခိုင်းစေမှုလျော့နည်းပပျောက်စေရေးစသည်တို့ကို ရည်ရွယ်ကာ ကလေးအလုပ် သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို မတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်က သင်္ဂတုံကျေးရွာရှိ “ဘဝအလင်းသစ်” စာကြည့်တိုက်၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းရှိ အမရအောင်မြေခန်းမတွင် မန္တလေးတိုင်းဒေသကြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးခွဲမှ အခြေခံပညာအလယ်တန်းနှင့်အထက်တန်းကျောင်း ဆရာ၊ ဆရာမများအား အဂတိတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့သည်။

မလှိုင်မြို့၌ နှစ် (၈၀) ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် နှစ် (၈၀) ပြည့်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နေ့လည် (၂) နာရီအချိန်က အ.ထ.က (မြို့သစ်) ကျောင်းတွင် စွမ်းရည်မြင့်မွမ်းမံသင်တန်း တက်ရောက်နေကြသည့် ဆရာ၊ ဆရာမများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး