မန္တလေးတိုင်းဒေသကြီး

ပျော်ဘွယ်မြို့နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးခဲ့သူများအားရည်စူး၍ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ပျော်ဘွယ်မြို့နယ်အတွင်း ငလျင်လှုပ်ခတ်မှုဒဏ်ကြောင့် သေဆုံးခဲ့သူများအားရည်စူး၍ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ တရားတော်နာယူခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက မြင်းဘက်ရပ်ကွက်ရှိ ဝင်းကျောင်းပရိယတ္တိစာသင်တိုက်တွင် ကျင်းပသည်။

ညောင်ဦးမြို့ အာနန္ဒာဘုရားကြီးနှင့်ရွှေစည်းခုံစေတီတော်မြတ်ကြီး၌ အန္တရာယ်ကင်းရတ နသုတ်ရွတ်ဖတ်ပူဇော်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ဘုရားများဖြစ်သည့် အာနန္ဒာဘုရားကြီးတောင်ဘက်မုခ်နှင့် ရွှေစည်းခုံဘုရားကြီးတို့တွင် ဆရာတော်/သံဃာတော် ၃၆ ပါးတို့က ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က အန္တရာယ်ကင်း ရတနသုတ်နှင့်ပရိတ်ပဌာန်းရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် အက်ကွဲကြောင်းများကြားမှထပ်မံတွေ့ရှိလာသည့် ရေနန်းတော်ဆောင်အားစနစ်တကျတူးဖော် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဗိသုကာပညာရှင် ဦးဝင်းဇော်နှင့်အဖွဲ့ တာဝန်ရှိသူများသည် ဧပြီ ၉ ရက် မွန်းလွဲပိုင်းက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)က အင်းဝခေတ်ယဉ်ကျေးမှုအဆောက်အအုံအမွေအနှစ် ရေနန်းတော်ဆောင်အား စနစ်တကျတူးဖော်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် တံတားဦးခရိုင် ရှေးဟောင်းအဆောက်အအုံများ ထိခိုက်ပြိုကျပျက်စီးမှုများ၊ လောကသရဖူဘုရားနှင့်မယ်နုအုတ်ကျောင်းတော်ကြီးတို့၏ ထိခိုက်ပျက်စီးမှုများအား ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဗိသုကာပညာရှင် ဦးဝင်းဇော်နှင့်အဖွဲ့၊ တာဝန်ရှိသူများသည် ဧပြီ ၉ ရက် မွန်းလွဲပိုင်းက မန္တလေးငလျင်ကြီးကြောင့် တံတားဦးခရိုင်၊ အမရပူရမြို့နယ်၊ အင်းဝရှေးဟောင်းသုတေသနနယ်မြေရှိ လောကသရဖူဘုရားဘုရားကြီး၊ မယ်နုအုတ်ကျောင်းတော်ကြီးနှင့် ရှေးဟောင်းဘုရား၊ စေတီ၊ ပုထိုးများ၊ သာသနိကအဆောက်အဦများ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကိုလိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ဧပြီလ(၁၀)ရက်နေ့ နံနက်ပိုင်းက မန္တလေးငလျင်ကြီးကြောင့် ဧရာဝတီတံတား(ရတနာပုံ)တံတားပေါ်နှင့် ချဉ်းကပ်လမ်းများ၌ ထိခိုက်ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့မှု၊ တံတားကြံ့ခိုင်မှု၊ တံတားပေါ်ဖြတ်သန်းသွားလာနေမှုအခြေအနေများ၊ အန္တရာယ်ရှိအဆောက်အဦအား ဝန်ချီစက်ယန္တရားယာဉ်ကြီးအသုံးပြု၍ ဖြိုချဖယ်ရှားရှင်းလင်းရန်ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

အန္တရာယ်ရှိ ကျောင်းဆောင်များ ရှင်းလင်းရေးဆောင်ရွက်လျက်ရှိ

အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ မဟာဂန္ဓာရုံကျောင်းတိုက်အတွင်းရှိ မန္တလေးအင်အားပြင်ငလျင်လှုပ်ခက်မှုကြောင့် ပျက်စီးသွား နေထိုင်ရန်မသင့်ကျောင်းဆောင် တိုက်သစ်ကျောင်းနှင့်ရေစဥ်တို့အား ယမန်နေ့ ၂ နာရီခွဲအချိန်က ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ်၌ အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်

အမရပူရမြို့နယ်၌ လူငယ်လူရွယ်များနွေရာသီကျောင်းပိတ်ရက် အားလပ်သောအချိန်များတွင် ဗဟုသုတများ တိုးပွားစေရန်၊ အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်စေရန်၊ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန် စသည့် ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် အခြေခံအင်္ဂလိပ်စာ သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မြင်းခြံမြို့တွင် နွေရာသီ အခြေခံအင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရပ်တွင် အချိန်ကို အကျိုးရှိစွာ အသုံးနိုင်ရေးအတွက် အခြေခံအင်္ဂလိပ်စာသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁ နာရီ အချိန်က ဖွင့်လှစ်သင်ကြားခဲ့သည်။

မဟာသုန္ဒရာရာမပရိယတ္တိစာသင်တိုက်တွင် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုနေမှုများအား မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သွားရောက်ကြည့်ရှု

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး  ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပနေသည့် (ဎဂ) စာဖြေဌာန၊ မဟာသုန္ဒရာရာမပရိယတ္တိစာသင်တိုက်သို့ မတ်လ (၂၇) ရက်နေ့ မွန်းလွဲပိုင်းက သွားရောက်ကာ အစိုးရဓမ္မာစရိယ စာဖြေဌာနကြီးကြပ်ရေးအဖွဲ့ ဩဝါဒဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ဆရာတော်များအား ဖူးမြော်၍ စာဖြေသံဃာတော်နှင့် သီလရှင်များ စာဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုကြည်ညိုကြသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၊ တပ်မတော်နေ့အထိမ်းအမှတ် စစ်ရေးပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ နန်းမြို့အတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပရာမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊အရာရှိ၊ အရာခံ၊အကြပ်၊စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များနှင့်ချီတက်လာမည့် စစ်ရေးပြတပ်ခွဲများအားအောင်သပြေခက်ဖြင့်အန္တရာယ်ကင်း ပရိတ်ရေများဖျန်းပက်ချီးမြှင့်ပေးတော်မူကြမည့် ဆရာတော်၊ သံဃာ တော်များ၊ ဂုဏ်ပြုပန်းကုံးစွပ်၍ ချီးမြှင့်ပေးကြမည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၇၀၀၀) ကျော်ခန့်တက်ရောက်ကြသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး