မဟာအောင်မြေမြို့နယ် GREAT WALL HOTEL ရှင်းလင်းဖယ်ရှားမှုပြုလုပ်ဆောင်ရွက်နေစဉ် ဟိုတယ်ရှိ( ATM )ငွေထုတ်စက် (၁) လုံး ထုတ်ဖော်ရရှိ
မဟာအောင်မြေမြို့နယ်GREAT WALL HOTEL တစ်ခြမ်းပြိုကျမှုတွင် စက်ယန္တာယားများဖြင့် ရှင်းလင်းဖယ်ရှားမှုပြုလုပ်ဆောင်ရွက်နေစဉ် ဟိုတယ်ရှိ(ATM)ငွေထုတ်စက် (၁) လုံး ထုတ်ဖော်ရရှိခဲ့သဖြင့် (MAB ဘဏ်) မန်နေဂျာ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ချမ်းမြသာစည်မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဟိုတယ်မန်နေဂျာ ဦးဇော်မင်းလေးတို့ရှေ့မှောက်တွင် ဖွင့်ဖောက်စစ်ဆေးခဲ့ရာငွေဘောက် အသေးတစ်ခုအတွင်းငွေထည့်သွင်းထားခြင်းမရှိပဲ၊ ဘောက် ၂ လုံးထဲတွင်၊ ငွေစက္ကူ ၁၀,၀၀၀ တန် အရွက် ၈၀၀၊ ငွေကျပ်သိန်း၈၀၊ ဘောက် ၃ လုံးထဲတွင် ငွေစက္ကူ ၅,၀၀၀တန် အရွက် ၃၀၀၊ ငွေကျပ် ၁၅သိန်း၊ ဘောက် ၄လုံးထဲတွင် ငွေစက္ကူ ၁,၀၀၀တန်အရွက် ၅၀၀၊ ငွေကျပ် ၅သိန်း၊ စုစုပေါင်းငွေကျပ်သိန်း ၁၀၀တို့အား တွေ့ရှိခဲ့သဖြင့် ငွေထည့်ဘောက်အသေး ၄လုံးနှင့် ငွေကျပ်သိန်း၁၀၀၊ ATM စက်အပျက် ၁ လုံးတို့အား MABဘဏ်ခွဲ ၅ မှ ဘဏ်မန်နေဂျာ ထံလွှဲပြောင်းအပ်နှံခဲ့ကြောင်းသိရသည်။