မန္တလေးတိုင်းဒေသကြီး

စဉ့်ကိုင်မြို့နယ် ဘယ်လင်းအကျဉ်းထောင်မှ အကျဉ်းသား(၆၃)ဦးအား လွတ်ငြိမ်းသက်သာခွင့်ပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် (၃၁/၂၀၂၅) အရ ယမန်နေ့  မြန်မာ့နှစ်သစ်မင်္ဂလာအခါသမရ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်သိရှိစေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းအကျဉ်းဦးစီးဌာန အမှတ်(၁)နှင့် အမှတ်(၂)ကုန်ထုတ်စခန်းတို့၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားများအနက်မှ ဘယ်လင်းအမှတ်(၁)ကုန်ထုတ်စခန်းမှ အကျဉ်းသားကျား(၃၁)ဦးနှင့် ဘယ်လင်းအမှတ်(၂)ကုန်ထုတ်စခန်းမှ အကျဉ်းသားကျား(၃၂)ဦး စုစုပေါင်းအကျဉ်းသား(၆၃)ဦးတို့အား ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်က ရာဇဝတ်ကျင့်ထုံး စည်းကမ်းချက်ဖြင့် ၎င်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအား လျှော့ပေါ့၍ တာဝန်ရှိသူတို့က လွတ်ငြိမ်းသက်သာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

မန္တလေးဗဟိုအကျဉ်းထောင်တွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၄၀၁(၁)အရ လွတ်ငြိမ်း သက်သာခွင့်ပြု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၇-၄-၂ဝ၂၅ ရက်စွဲပါ အမိန့်အမှတ်၊ ၃၀/၂၀၂၅ အရ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ် အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေး ချမ်းစေရေးနှင့်လူမှုရေးအရငဲ့ညှာ ထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကိုနားလည် စေရန်ရှေ့ရှုသောအားဖြင့်လည်းကောင်း ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများ

ချမ်းအေးသာစံမြို့နယ်အတွင်း အန္တရာယ်ကင်းရှင်းစေရန် ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၅) ရက် နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးအချိန်အခါသမယတွင် ချမ်းအေးသာစံမြို့နယ်အတွင်း အန္တရာယ်ကင်းရှင်းစေရန်အတွက် ပရိတ်တရားတော်များကို ယမန်နေ့ ညနေ (၅) နာရီ (၃၀) မိနစ်အချိန်တွင် အိမ်တော်ရာဘုရားဝင်းအတွင်းမှ စတင်၍ သံဃာတော် (၁၀) ပါးမှ ပရိတ်တရားတော်များ စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ်အတွင်း အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၇ ခု၊ မြန်မာနှစ်ဆန်း (၁) ရက်၊ ယမန်နေ့၊ မွန်းလွဲ (၁) နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အန္တရာယ်ကင်းပရိတ်တရားတော်လှည့်လည်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ်၌ အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ဧပြီလ ၁၇ရက် ညနေပိုင်းက မြို့ပေါ်ရပ်ကွက် များအတွင်း အန္တရာယ်ကင်း ပရိတ်တရားတော်များ လှည့်လည်၍ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်းသိရသည်။

မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား မြန်မာနှစ်ဆန်း ၁ ရက်နေ့ နှစ်သစ်ကူး အန္တရာယ်ကင်းအသံမစဲမဟာပဋ္ဌာန်း၊ ပရိတ်ကြီး ၁၁ သုတ်၊ မဟာသမယသုတ်နှင့် ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ၊ ကျင်းပ

မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရားတွင် မြန်မာနှစ်ဆန်း ၁ ရက် မင်္ဂလာအခါတော်နေ့ နှစ်သစ်ကူးအန္တရာယ်ကင်းအသံမစဲမဟာပဋ္ဌာန်း၊ ပရိတ်ကြီး ၁၁ သုတ် မဟာသမယသုတ်နှင့် ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရားတွင် ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာနှစ်သစ်ဦး တရားအလှူတော် ဓမ္မသဘင်မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးတွင် ကျင်းပ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာနှစ်သစ်ကူးနှစ်ဦး တရားအလှူတော် ဓမ္မသဘင်အခမ်းအနားကို ၁၃၈၇ ခု၊ မြန်မာနှစ်ဆန်း ၁ ရက်၊ ယမန်နေ့ညပိုင်းက အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးတွင် ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့မစိုးရိမ်တိုက်သစ် မဟာနာယကဓမ္မသမိဒ္ဓိကျောင်းဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘဒ္ဒန္တဝါသေဌာဘိဝံသက နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို တရားရေအေးအမြိုက်ဆေးတိုက်ကျွေးဟောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီးအား သွားရောက်ဖူးမြော် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများ လက်ခံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဧပြီလ(၁၆)ရက်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ သက်တော်ရှည်ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်နေမှုများ သွားရောက်ဖူးမြော်၍ ဩဝါဒများခံယူကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

မန္တလေးမြို့ ငလျင်ဘေးဒဏ်သင့်သူများအတွက် အိန္ဒိယနိုင်ငံမှ ထောက်ပံ့ပေးအပ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများ ပေးအပ်

မန္တလေးမြို့ ငလျင်ဘေးဒဏ်သင့်သူများအား ကူညီကယ်ဆယ်ရန် အိန္ဒိယနိုင်ငံမှ ထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ဧပြီလ(၁၆)ရက်နေ့ မွန်းလွဲပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ ချမ်းမြသာစည်လေဆိပ်ဟောင်းတွင် ကျင်းပရာမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် အဖွဲ့၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ချမ်းအေးသာစံမြို့နယ်အတွင်း သဘာဝဘေးအတွင်း ပျံလွန်တော်မူခဲ့သော သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအတွက် ရည်စူး၍ပရိတ်တရားနာအခမ်းအနား ကျင်းပ

၂၀၂၅ ခုနှစ်မတ်လ (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ပျံလွန်တော်မူခဲ့သော သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအတွက် ရည်စူး၍ပရိတ်တရားနာအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက် ၈၅လမ်း၊ ၃၄×၃၅လမ်းကြားရှိ ပရိယတ္တိသာသနာဟိတအသင်းတွင် ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး