မတ္တရာမြို့နယ်၌ အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်

မတ္တရာ ဧပြီ ၁

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ဧပြီလ ၁၇ရက် ညနေပိုင်းက မြို့ပေါ်ရပ်ကွက် များအတွင်း အန္တရာယ်ကင်း ပရိတ်တရားတော်များ လှည့်လည်၍ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်းသိရသည်။

ထိုသို့ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ရာတွင် အောင်မြေသုခကျောင်းတိုက်မှ စတင်၍ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်၊ အမှတ်(၅) ရပ်ကွက်မှ မန္တလေး မိုးကုတ်ကားလမ်း မြို့နယ်ရှောင်လမ်းပေါ်မှပတ်၍ မြို့တွင်း အမှတ်(၂)ရပ်ကွက်အတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးအတိုင်း စတင်ထွက်ခွာရာကျောင်းတိုက်အထိ ဆရာတော်ကြီးများမှ ပရိတ်တရားတော်များရွတ်ဖတ်ခြင်း၊ ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဗိုလ်မှူးသန်းဝင်းအောင်နှင့် အဖွဲ့ဝင်များမှ ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်ဖြင့် ပရိတ်ရေများ ပက်ဖျန်းဖက်ခြင်း၊ လူမှုရေးအသင်းအဖွဲ့များမှ ပရိတ်ရေနှင့် ပရိတ်သဲများအား ပြည်သူများသို့ ပေးဝေခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)