မဟာအောင်မြေမြို့နယ်၌ ငလျင်ဘေးသင့် ပြည်သူများအား အခြေခံစားသောက်ကုန်များကို အထူးသက်သာစျေးနှုန်းဖြင့် ရောင်းချပေး
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုကို ခံယူကာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းကာ ဆန်၊ ဆီ၊ အသားငါး စားသောက်ကုန်များ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။