မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် သီရီပျံချီ ဦးမျိုးအောင်နှင့်အဖွဲ့သည် မြစ်သားမြို့နယ် သာလွန်‌ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် သာလွန်‌ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရီပျံချီ ဦးမျိုးအောင် လုံ/နယ် ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ လူမူရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦး၊ ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်တို့သည် ယမန်နေ့နံနက် ၁၀ နာရီ အချိန်ကအဆိုပါကျောင်းသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့်(Grade-12)ဖြေဆိုမည့်ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့်(Grade-12)ဖြေဆိုမည့် ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ဈေးနှုန်းများ မြင့်တက်မှုမရှိစေရေး၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးတို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးငြိမ်းစံနှင့် ပူးပေါင်းအဖွဲ့များသည် ယမန်နေ့နံနက်ပိုင်းက အုန်းချောကျေးရွာရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အရောင်းဆိုင်များသို့ လှည့်လည်ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် ကျောက်ဆည်မြို့နယ်အတွင်းရှိ ငလျင်ဒဏ်သင့်၍ ပြိုကျပျက်စီးခဲ့သောနေရာများအား သွားရောက်ကြည့်ရှု

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်သည် ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့၊ ပြည်လုံးနိုင်ရပ်ကွက်ရှိ အန္တရာယ်ရှိအဆောက်အဦအား စက်ယန္တရားဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်အန္တရာယ်မရှိစေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပြန်လည်ကျင်းပစစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့အောင်မြင်စွာ ဖြေဆိုနိုင်ရေး တွေ့ဆုံဆွေးနွေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအတွင်း ပြန်လည်ကျင်းပစစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့ အောင်မြင်စွာ ဖြေဆိုနိုင်ရေး ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ကိုယ်ပိုင်ကျောင်းတည်ထောင်အုပ်ချုပ်သူများအား ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

မန္တလေးမြေငလျင်ကြီးကြောင့် သာစည်မြို့နယ်မှ သေဆုံး၊ ဒဏ်ရာရပြည်သူများအတွက် ထောက်ပံ့ငွေနှင့်လုံးဝပျက်စီးခဲ့သောနေအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ အလှူပစ္စည်းများပေးအပ်

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သောမန္တလေးမြေငလျင်ကြီးကြောင့် သာစည်မြို့နယ်မှ သေဆုံး၊ဒဏ်ရာရပြည်သူများနှင့် လုံးဝပျက်စီးခဲ့သောနေအိမ်များအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှပေးအပ်သော ထောက်ပံ့ငွေ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ပြည်တွင်းပြည်ပမှလှူဒါန်းသော အလှူပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။

ကျောက်ဆည်မြို့တွင် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးသင့်မိသားစုများအတွက် ယာယီမေတ္တာ ကွန်းခိုရာနေရာ ထပ်မံဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးသင့်မိသားစုများအား ကြက်မင်းတွန်ရပ်ကွက်ရှိ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း အားကစားကွင်းတွင် ယာယီမေတ္တာကွန်းခိုရာနေရာအား ယနေ့နံနက်ပိုင်းက ထပ်မံဖွင့်လှစ်ပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိနွေစပါး ဧက (၂၀၁၁၀) လျာထားပြီးနွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကင်းတားရေလှောင်တမံဆည်ရေဖြင့် နွေစပါးစိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါး စိုက်ဧက(၂၀၁၁၀)လျာထားဆောင်ရွက်လျက်ရှိရာ စိုက်ခင်းများ​အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။

မိတ္ထီလာမြို့နယ် ပျော်ကုန်းကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းဖြင့် ဒေသဆိတ်နှင့် အသားတိုးနွားမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ညောင်မြင့်အုပ်စု ပျော်ကုန်းကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) စီမံကိန်းဖြင့် ဒေသဆိတ်နှင့် အသားတိုးနွားမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် ကျောက်သေတ္တာစေတီတော်အား လက်ရှိအတိုင်းခိုင်ခံ့စေရေး ထိန်းသိမ်းဆောင်ရွက်မည့်နည်းလမ်းများအတွက် သွားရောက် ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်၊ ဘူမိဗေဒပညာရှင် ဒေါက်တာယုမောင်နှင့်အဖွဲ့၊  တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်တော်ရှိ ကျောက်သေတ္တာ‌ကြီး မူလအခြေအနေမှ တိမ်းစောင်းသွားခဲ့ရာ လက်ရှိအတိုင်းခိုင်ခံ့စေရေးနှင့် ဘေးပတ်ဝန်းကျင်အန္တရာယ်မဖြစ်ပေါ်စေရေး ထိန်းသိမ်းဆောင်ရွက်မည့်နည်းလမ်းများအတွက် ယမန်နေ့နံနက်ပိုင်းက သွားရောက်၍ အနီးကပ်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး