မန္တလေးတိုင်းဒေသကြီး

မဟာအောင်မြေမြို့နယ်၌ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မဟာမြိုင် ၂ ရပ်ကွက်၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှုကြောင့် ငလျင်ဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ဆိုလာစနစ်မြစ်ရေတင်ဖြင့် မိုးစပါး ၂၈၇ ဧကစိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ဆိုလာစနစ်မြစ်ရေတင်ဖြင့် မိုးစပါး ၂၈၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီထံက သိရသည်။

 မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင်  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ သိရသည်။

စဉ့်ကိုင်မြို့နယ် အ.ထ.က (ပလိပ်)တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်တွင်   ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊  မြို့သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေစေရေး၊ ကျောင်းဥပတိရုပ် ပိုမိုကောင်းမွန်လာစေရန်အတွက် အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ပညာကျောင်းများ၌ ကျောင်းအတွင်း/ အပြင် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို  စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ မေလ ၈ ရက်‌ နေ့နံနက်ပိုင်းကအချိန် အ.ထ.က (ပလိပ်) ကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများ၊ ပြည်သူ/သားများ ပူးပေါင်း၍  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်နှင့် ဝိသာခါဖောင်ဒေးရှင်းတို့ကလှူဒါန်းသော ခွဲစိတ်ဆောင်များ ဖွင့်ပွဲများကျင်းပ

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ ခွဲစိတ်ဆောင်များ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အဆိုပါဆေးရုံတွင်ကျင်းပပြုလုပ်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ငလျင်ဒဏ်သင့်ခဲ့သော စာသင်ကျောင်းများအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ ၇၅လမ်း ၂၈*၂၉လမ်းကြားရှိ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသော စာသင်ဆောင်များကို မြိူ့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ မေလ ၉ ရက် နံနက်ပိုင်းတွင် ရှင်းလင်းဆောင်ရွက်ခဲ့သည်။

တံတားဦးမြို့နယ်တွင် ဝါးထရံယက်လုပ်ရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေ

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဝါးထရံတစ်ပိုင်တစ်နိုင်ယက်လုပ်ရောင်းချသူများ နေ့စဉ်ဝင်ရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ဝါးထရံယက်လုပ်ရောင်းချများထံမှ သိရသည်။

မဟာအောင်မြေမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (၃) ကျောင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား လေ့ကျင့်သင်ကြားပေး

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်‌မြေမြို့နယ်အတွင်း မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေး‌မြေငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးခဲ့ရသဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုရမည့် ငလျင်ဒဏ်သင့်ကျောင်းသား၊ ကျောင်းသူများအတွက် အောင်ချက်မြင့်မားရေးနှင့် သင်ယူမှုများ ပိုမိုထိရောက်စေရန်အတွက် မဟာအောင်မြေမြို့နယ်ရှိ အ.ထ.က (၃)၊ အ.ထ.က (၁၃) နှင့် အ.ထ.က (၂၄) ကျောင်း၌ ဆရာ/ ဆရာမများက လေ့ကျင့်သင်ကြား‌ပေးလျက်ရှိကြောင်း သိရှိရသည်။

စဉ့်ကိုင်မြို့နယ် အ.ထ.က (ပလိပ်)တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊  မြို့သန့်ရှင်းသာယာလှပစေရေးနှင့်  စိမ်းလန်းစိုပြည်စေရေး၊  ကျောင်းဥပတိရုပ် ပိုမိုကောင်းမွန်လာစေရန်အတွက် အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ပညာကျောင်းများ၌ ကျောင်းအတွင်း/အပြင် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို  စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ ယနေ့နေ့နံနက်ပိုင်းကအချိန်  အ.ထ.က (ပလိပ်)ကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြို့နယ် မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ပြည်သူ/သားများ ပူးပေါင်း၍  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မန္တလေးငလျင်ကြောင့် ပျက်စီးသွားသော စာသင်ကျောင်းများရှင်းလင်းနေမှုနှင့် စေတီပုထိုးများမှအုတ်များရှင်းလင်းနေမှုများ ကြည့်ရှုစစ်ဆေး

အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ရေကြည်ပေါက်ကျေးရွာအုပ်စုရှိ ရေကြည်ပေါက် အ.ထ.က (ခွဲ) တွင် ယနေ့နံနက် ၉ နာရီခွဲ အချိန်က မန္တလေးငလျင်ကြောင့် ပျက်စီးသွားသော ကျောင်းဆောင်များနှင့် ရှင်းလင်းထားမှုအခြေအနေများကို   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် လာရောက်ကြည့်ရှုခဲ့သည်။ ထို့နောက် တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ Camp သွင်းထားသည့် အမရပူရမြို့အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း Camp သွင်းထားမှုအခြေအနေနှင့် စည်ပင်မှသန့်ရှင်းရေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး