အမရပူရ မေ ၈
အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ရေကြည်ပေါက်ကျေးရွာအုပ်စုရှိ ရေကြည်ပေါက် အ.ထ.က (ခွဲ) တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က မန္တလေးငလျင်ကြောင့် ပျက်စီးသွားသော ကျောင်းဆောင်များနှင့် ရှင်းလင်းထားမှုအခြေအနေများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် လာရောက်ကြည့်ရှုခဲ့သည်။ ထို့နောက် တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ Camp သွင်းထားသည့် အမရပူရမြို့အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း Camp သွင်းထားမှုအခြေအနေနှင့် စည်ပင်မှသန့်ရှင်းရေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးနှင့်အဖွဲ့သည် အမရပူရမြို့ သမိုင်းဝင်ရှေးဟောင်းစေတီများဖြစ်သည့် ပုထိုးတော်ကြီးစေတီနှင့် ဘုရားသုံးဆူစေတီများမှ အုတ်များဖယ်ရှားနေမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)