တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား အသိပညာပေးဟောပြော

တံတားဦး မေ ၂၀

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက တံတားဦမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမရှေ့၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစိးအရာရှိ ဦးကနေဒီထွန်းကပြောကြားရာတွင် ပြူကန်ကန်မှ မိုးစပါးစိုက် ရေသောက်စနစ်ဖြင့် စိုက်ပျိုးကြမည့်တောင်သူများအနေဖြင့် ကန်ရေမရရှိမည့် အခြေအနေပေါ်တွင် သက်တမ်းတိုမျိုးများ၊ ရေအနည်းလိုစပါးမျိုးများနှင့် စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးကြရေး၊ တစ်ပိုင်တစ်နိုင်ရေကန်များပြုလုပ်ခြင်း၊ ဒါ့အပြင် စုပေါင်း၍ ပျိုးသင့်ကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းကြပြီး တောင်သူများနှင့် သက်ဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)