ပုသိမ်ကြီး မေ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ရာသီအလိုက် တောင်သူများကို ချေးငွေများ ထုတ်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက စတင်ကာ မိုးရာသီ စိုက်ပျိုးရေးစရိတ် ချေးငွေများကို စတင်ထုတ်ချေးပေးလျက်ရှိသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဒုတိယမန်နေဂျာ ဦးအောင်မျိုးသန်းက မိုးစပါးစိုက်ပျိုးရေးစရိတ်ထုတ်မည့် အင်ကျယ်ကျေးရွာမှ တောင်သူများဖြင့်တို့ဆုံ၍ ချေးငွေထုတ်ယူမှုများအပေါ် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ချေးငွေထုတ်ယူမည့် တောင်သူများအား တိုင်းဒေသကြီး ဒုတိယမန်နေဂျာ ဦးအောင်မျိုးသန်းနှင့် မြို့နယ်မန်နေဂျာ ဦးဝင်းခိုင်တို့က စိုက်ပျိုးစရိတ်များ ပေးအပ်ခဲ့ကြသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ထုတ်ချေးပေးမည့် မိုးစပါးလျာထားဧက (၆၀၀) ဧက၊ အခြားသီးနှံ (၆၀၀) ဧက တို့အတွက် တစ်ဧကလျှင် တစ်သိန်းခွဲကျပ်နှုန်းဖြင့် ချေးငွေကျပ်သိန်း တစ်ထောင့်ငါးရာ တောင်သူများအား ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)