မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား  သံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်ဖိုရမ်သို့ တက်ရောက်

မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကြီးမှူးကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး(၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်ဖိုရမ် "ချစ်ကြည်ရေးတိုးမြှင့်စေ အေးအတူပူအမျှ လက်တွဲ၍ အနာဂတ်တည်ဆောက်" အခမ်းအနားကို ဇွန်လ(၅)ရက်နေ့ နံနက်ပိုင်းက အမရပူရမြို့နယ်ရှိ တရုတ်-မြန်မာရေနံဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်း-ချောက်ကားလမ်းမှ တံခါးမ-ရွာပု ကျေးရွာအဝင်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျောက်ပန်းတောင်း-ချောက် ကားလမ်းမှ တံခါးမ-ရွာပု  ကျေးရွာ အဝင်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်နေမှုကို ယမန်နေ့ မွန်းလွဲ(၂:၃၀)နာရီက ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ ဒုတိယနေ့ ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ ဖြေဆိုခြင်းကို ယနေ့မွန်းလွဲ ၁၂ နာရီက ရန်ကင်းတောင် ခြေရှိ သီရိမင်္ဂလာ သရက်တောကျောင်းတိုက်၌ ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေနေအား ကြည့်ရှုစစ်ဆေး

မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက်၊ အထက်ကမ်းနာလမ်း၊ ၂၆ ×၂၇ လမ်းကြားရှိ ကရဝိတ်ရေပေါ်ဟိုတယ်အနီး မြစ်ကမ်းနားအနီး ရေဝင်ရောက်မှုရှိနိုင်သည့် နေများအတွင်း ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေနေအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေးခဲ့သည်။

ငါန်းဇွန်မြို့၌ ပါဠိပထမပြန်စာမေးပွဲ ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ် (၁) ရပ်ကွက်ရှိ ရတနာပုံကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ယနေ့မွန်းတည့် ၁၂ နာရီက မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲ (ဒုတိယနေ့) (ကြီး၊လတ်၊ ငယ်၊ မူ) တန်းများ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင်  ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ မွှန်းလွဲ(၁)နာရီက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦး စီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရေပြင်ရှာဖွေကယ်ဆယ်ရေးသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ရေကြီးနစ်မြုပ်ခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက်(၉)နာရီက ကျောက်ဆည်မြို့ မင်းရဲဆည်တွင် ရေပြင်အသက်ကယ်ရှာဖွေရေး သင်တန်းဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

သဘာဝဘေးအသိပညာပေး၊ ရေဘေးအသိပညာပေးနှိုးဆော်ခြင်းနှင့်ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ သဘာဝဘေးအန္တရာယ် အသိပညာပေး၊ ရေဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ နှိုးဆော်အသိပေးခြင်းအား သက်ဆိုင်ရာဌာနဆိုင်ရာများစုပေါင်း၍ ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များနှင့်ဧရာဝတီမြစ်ရေဝင်ရောက်သည့် ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့်လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်းသိရသည်။

တံတားဦးမြို့နယ် အထွေထွေအုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းမိသားစု သား၊ သမီးများအား ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် အထွေထွေအုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းမိသားစုဝင် သား၊ သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာသင်ထောက်ပံ့စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၈) နာရီက မြို့နယ်အုပ်ရေးမှူးရုံးခန်းမတွင် ကျင်းပကြောင်း သိရသည်။

တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကြိုတင်ကာကွယ်ရန် ပြင်ဆင်ဆောင်ရွက်မှုအား လေ့လာကြည့်ရှု

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကျရောက်လာပါက အချိန်နှင့်တပြေးညီလျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ယနေ့နံနက် (၁၀) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနတွင် ကူညီရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိမှု ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး