ပုသိမ်ကြီး ဇွန် ၅
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ ဖြေဆိုခြင်းကို ယနေ့မွန်းလွဲ ၁၂ နာရီက ရန်ကင်းတောင် ခြေရှိ သီရိမင်္ဂလာ သရက်တောကျောင်းတိုက်၌ ကျင်းပသည်။
အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆိုရာသို့ ပုသိမ်ကြီးမြို့မရဲစခန်းမှူး ဒုတိယရဲမှူးဝင်းထွဋ်နှင့် တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်မိသားစုများက သံပုရာရည်များဖြင့် စာဖြေသံဃာတော်နှင့် သီလရှင် (၅၄၄)ပါးအား ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အစိုးရ ပါဠိပထမပြန် စာမေးပွဲဖြေဆိုနိုင်ရေး ဩဝါဒစရိယ ဆရာတော်ကြီးများ၊ မြို့နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဥတ္တမနှင့် မြို့နယ်သံဃနာယက ဆရာတော်များ ကြွရောက်တော်မူ၍ ကြီးကြပ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက လိုအပ်သည်များအား ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပြီး၊ ပထမကြီးတန်း (၇၅)ပါး၊ ပထမလတ်တန်း (၉၅)ပါး၊ ပထမငယ်တန်း (၂၁၄)ပါး၊ အခြေပြုမူလတန်း (၃၄၀)ပါး၊ စုစုပေါင်း ဖြေဆိုရန် စာရင်းသွင်းထားသည့် သံဃာတော်၊ သီလရှင် (၇၂၄)ပါး ရှိခဲ့ရာ ယနေ့ကြွရောက်ဖြေဆိုသည့် သံဃာတော်၊ သီလရှင်များမှာ ပထမကြီးတန်း (၆၅)ပါး၊ ပထမလတ်တန်း (၆၈)ပါး၊ ပထမငယ်တန်း (၁၅၈)ပါး၊ အခြေပြုမူလတန်း (၂၅၃)ပါး၊ စုစုပေါင်း (၅၄၄)ပါး၊ ပျက်ကွက် (၁၈၀)ပါး ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)