မန္တလေးတိုင်းဒေသကြီး

သမိုင်းဝင် မဟာရွှေသာလျောင်း(ပေါင်းလဲကြီး)ဘုရားနှင့် ရတနာပုဏ္ဏဝရဒါဌာဓာတုစေတီယ စွယ်တော်မြတ်စေတီတော်(မန္တလေး)သို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် သွားရောက်ဖူးမြော်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီးဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဇွန်လ(၈)ရက်နေ့နံနက်ပိုင်းက တံတားဦးမြို့နယ်ရှိ သမိုင်းဝင်မဟာရွှေသာလျောင်း(ပေါင်းလဲကြီး) ဘုရားနှင့် အမရပူရမြို့နယ်ရှိ မဟာဓမ္မရံသီကုန်းတော်မြတ်၌ တည်ထားကိုးကွယ်တော်မူအပ်သော ရတနာပုဏ္ဏ ဝရဒါဌာ ဓာတုစေတီယ စွယ်တော်မြတ် စေတီတော်(မန္တလေး) သို့သွားရောက် ဖူးမြော်ကြသည်။

မန္တလေးတိုင်းဒေသကြီး အဆောက်အဦများပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အဆောက်အဦများ ပြန်လည်ပြုပြင် အသုံးပြုရေးနှင့်အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ(၇)ရက်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးများ၊ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာဌာနများမှ အင်ဂျင်နီယာပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

မန္တလေးမြို့၊ မဟာမုနိဘုရားကြီးအား စိန်ဖူးတော်အသစ်ကပ်လှူပူဇော်နိုင်ရန်အတွက် ရွှေသား(၃)ပိသာနှင့်ကျောင်းတော်ကြီးတိုင်(၆)တိုင် ပြန်လည်တည်ဆောက်နိုင်ရန် အလှူငွေများလှူဒါန်း

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်  အင်အားအလွန်ပြင်ထန်းသည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မဟာမုနိဘုရားကြီးအားနှင့် ဘုရားကြီးဝန်းအတွင်းရှိ သာသနိကအဆောက်အဦများကို ရှေးမူမပျက် ပိုမိုခိုင်ခန့်အောင် ပြန်လည်ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း၊ ပြည်ပ စေတနာအလှူရှင်များက အလှူငွေများ လှူဒါန်းလျက်ရှိသည်။

သဲကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား (၂၇) ကြိမ်မြောက် စာအောင်ဆုဆက်ကပ်လှူဒါန်းပူဇော်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှကျင်းပသော ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား (၂၇) ကြိမ်မြောက် စာအောင်ဆုဆက်ကပ်လှူဒါန်းပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ရပ်ကွက်(၁)၊ သာရမဥ္ဇူသာမိုးကောင်းစေတီတော်မြတ်ကြီး ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားများအား ကာယကံရှင်များထံသို့ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်တွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံသားမှတ်ပုံတင်ကတ်ပြားများကို ကာယကံရှင်များထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့၌ G.12 မေးခွန်းလွှာများထားရှိနိုင်ရန် မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့မရဲစခန်းဝင်းအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်တွင် G.12 မေးခွန်းလွှာများထားရှိနိုင်ရန် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ် သုံးတောင် ကျေးရွာအ.ထ.က(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြော‌ပွဲကျင်းပ

လူငယ်ကဏ္ဍကိုမြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့‌နံနက်(၉)နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် သုံး‌တောင် ကျေးရွာ အ.ထ.က(ခွဲ)တွင် ကျင်းပရာ ရှေးဦးစွာ သုံးတောင်ကျေးရွာ အ.ထ.က(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်မွန်က အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က  ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ကွန်ပျူတာတက္ကသိုလ်(မန္တလေး)တွင်ကျောင်းသား/ကျောင်းသူများ ဒုတိယနှစ်၀က် သင်တန်းအား ပညာသင်ကြားလျက်ရှိ

 (၂၈-၃-၂၀၂၅)ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့်မန္တလေး  တိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တအုံကျေးရွာအုပ်စုအတွင်းရှိ ကွန်ပျူတာ တက္ကသိုလ်(မန္တလေး)တွင်ကျင်းပမှု ခေတ္တရပ်နားခဲ့ရသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဘွဲ့ကြို၊  ဘွဲ့လွန်စာမေးပွဲများအား ဇွန်၂ရက်   နံနက်ပိုင်းမှ စတင်၍ ဇွန်(၆) ရက်နေ့အထိ  ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၁၁၄၂)ဦး ဖြေဆိုခဲ့ကြပြီး ဒုတိယနှစ်၀က် သင်တန်းအား ဇွန် ၆ရက်  နံနက်ပိုင်းကစတင်၍ဘေးကင်း လုံခြုံစွာဖြင့်   အေးချမ်းစွာပျော်ရွှင်စွာပညာသင်ကြား လျက် ရှိ ကြောင်း သိရသည်။                        

ကျောက်ဆည်မြို့တွင် မြေဆီလွှာအာဟာရဖွံ့ဖြိုးထက်သန်ရေး သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော် ထည့်သွင်း

မြေဆီလွှာအာဟာရ  ဖွံ့ဖြိုးထက်သန်ရေးအတွက်  ပိုက်ဆံလျှော်  သစ်စိမ်းမြေသြဇာ ထည့်သွင်း ပေးခြင်းကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရှမ်းတောင်ဦးကျေးရွာ တောင်သူ ဦးအောင်နိုင်ဦး၏ ကွင်းအမှတ် (၂၂၈-က)တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ်တွင် ငလျင်ဘေးသင့်ပြည်သူများအား တိုင်းရင်းဆေးပညာဖြင့်   အခမဲ့ကွင်းဆင်း ကုသပေး

မန္တလေးတိုင်းသကြီး၊ ကျောက်ဆည်မြို့နယ်တွင် တိုင်းရင်းဆေးပညာဖြင့် ဆေးကုသပေးခြင်းကို ယမန်နေ့က လက်ပံကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ငလျင်ဘေးသင့်ပြည်သူများအား အခမဲ့ကွင်းဆင်း ဆေးကုသပေးခဲ့ကြောင်းသိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး