မန္တလေးတိုင်းဒေသကြီး

ကွန်ပျူတာတက္ကသိုလ်(မန္တလေး)တွင်ကျောင်းသား/ကျောင်းသူများ ဒုတိယနှစ်၀က် သင်တန်းအား ပညာသင်ကြားလျက်ရှိ

 (၂၈-၃-၂၀၂၅)ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့်မန္တလေး  တိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တအုံကျေးရွာအုပ်စုအတွင်းရှိ ကွန်ပျူတာ တက္ကသိုလ်(မန္တလေး)တွင်ကျင်းပမှု ခေတ္တရပ်နားခဲ့ရသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဘွဲ့ကြို၊  ဘွဲ့လွန်စာမေးပွဲများအား ဇွန်၂ရက်   နံနက်ပိုင်းမှ စတင်၍ ဇွန်(၆) ရက်နေ့အထိ  ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၁၁၄၂)ဦး ဖြေဆိုခဲ့ကြပြီး ဒုတိယနှစ်၀က် သင်တန်းအား ဇွန် ၆ရက်  နံနက်ပိုင်းကစတင်၍ဘေးကင်း လုံခြုံစွာဖြင့်   အေးချမ်းစွာပျော်ရွှင်စွာပညာသင်ကြား လျက် ရှိ ကြောင်း သိရသည်။                        

ကျောက်ဆည်မြို့တွင် မြေဆီလွှာအာဟာရဖွံ့ဖြိုးထက်သန်ရေး သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော် ထည့်သွင်း

မြေဆီလွှာအာဟာရ  ဖွံ့ဖြိုးထက်သန်ရေးအတွက်  ပိုက်ဆံလျှော်  သစ်စိမ်းမြေသြဇာ ထည့်သွင်း ပေးခြင်းကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရှမ်းတောင်ဦးကျေးရွာ တောင်သူ ဦးအောင်နိုင်ဦး၏ ကွင်းအမှတ် (၂၂၈-က)တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ်တွင် ငလျင်ဘေးသင့်ပြည်သူများအား တိုင်းရင်းဆေးပညာဖြင့်   အခမဲ့ကွင်းဆင်း ကုသပေး

မန္တလေးတိုင်းသကြီး၊ ကျောက်ဆည်မြို့နယ်တွင် တိုင်းရင်းဆေးပညာဖြင့် ဆေးကုသပေးခြင်းကို ယမန်နေ့က လက်ပံကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ငလျင်ဘေးသင့်ပြည်သူများအား အခမဲ့ကွင်းဆင်း ဆေးကုသပေးခဲ့ကြောင်းသိရသည်။

ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၁၉၀ စင်တီမီတာခန့်လို

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန် ၇ ရက်၊ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၁၉၀ စင်တီမီတာခန့်လိုကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံ ဒေါ်ခင်လှနုထွေးထံက သိရသည်။

ပြင်ဦးလွင်မြို့တွင်  ခရိုင်အဆင့်  ၂၀၂၅  ခုနှစ်   မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ၊ ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီးဌာန      မှ ၂၀၂၅    ခုနှစ်၊ ဇွန်လ  ၅  ရက်နေ့တွင် ကျရောက်ခဲ့သည့်  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အား  ဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ်  ခရိုင်အဆင့်  မိုးရာသီ လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကို   ယမန်နေ့   နံနက် ( ၉ ) နာရီက    ပြင်ဦးလွင်မြို့ ၊ မေမြို့ထင်းကြိုးဝိုင်း၊ အကွက်အမှတ်(၄၀)၊ မြို့ရှောင်ကားလမ်း ၊  မိုင်တိုင်အမှတ်(၄ /၀) အနီး၊ ညောင်နီ-ပိန္နဲကုန်းသွား ကားလမ်းဘေးတွင်  ကျင်းပပြုလုပ်ခဲ့သည် ။

မြင်းခြံမြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်ကြားပို့ချသည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့နေ့လယ် (၂) နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မန္တလေးနည်းပညာတက္ကသိုလ် (MTU)တွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား

မန္တလေးနည်းပညာတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဒုတိယနှစ်ဝက်သင်တန်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်ဝက်တို့အား (၂-၆-၂၀၂၅) ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ဘွဲ့ကြိုအင်ဂျင်နီယာနှင့်ဗိသုကာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၁၂) ဦး၊ ဘွဲ့လွန်အင်ဂျင်နီယာနှင့် ဗိသုကာသင်တန်းကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၅၄) ဦး တို့သည် အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူလျက်ရှိသည်။

သာစည်မြို့နယ်၌ ၃၄ ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ၂၀၂၄ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ အောင်သံဃာများနှင့် နိကာယ်အောင်သံဃာတော်များအား ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက် ကြာကန်ကျောင်းတိုက် အရိယာဝါသဓမ္မာရုံတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။        

မန္တလေးတိုင်းဒေသကြီး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၅)၏ အခွန်ဆိုင်ရာ ပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၅)၏ အခွန်ဆိုင်ရာ ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀နာရီခွဲတွင် မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ  အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၅) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်း ပို့ချနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်အစည်းအဝေးပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ နယ် ရွေးကောက်ပွဲကော်မရှင်က ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေး စက်(MEVM)ဖြင့်ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး