စဉ့်ကိုင်မြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (Grade-12) တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာဘာသာရပ် စတင်ဖြေဆို

စဉ့်ကိုင် ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာ‌သင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အထက(စဉ့်ကိုင်)စာစစ်ဌာန၊ အထက(ပလိပ်)စာစစ်ဌာနနှင့် အထက(ဘယ်လင်း) စာစစ်ဌာနတို့၌  ဇွန်လ ၁၆ ရက်နေ့ ယနေ့နံနက်ပိုင်းက မြန်မာစာဘာသာရပ်ကို ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိ‌‌ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို  အထက(စဉ့်ကိုင်) စာစစ်ဌာန၊ အထက(ပလိပ်)စာစစ်ဌာနနှင့် အထက (ဘယ်လင်း) စာစစ်ဌာန (၃)ခုတို့၌  ‌ဖွင့်လှစ်ခဲ့ရာ (ပထမနေ့) မြန်မာစာဘာသာရပ် ဖြေဆိုရန် စာရင်းရှိ ကျောင်းသားဦးရေ (၅၉၅)ဦး၊ ကျောင်းသူဦးရေ (၆၅၆)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူဦးရေ (၁၂၅၁)ဦးရှိပြီး၊ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသားဦးရေ(၅၉၁)ဦး၊ ကျောင်းသူဦးရေ(၆၅၄)ဦး၊ စုစုပေါင်း ‌ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ဦးရေ (၁၂၄၅)ဦး ဝင်ရောက်ဖြေဆိုကာ၊ ပျက်ကွက်ကျောင်းသားဦးရေ (၄) ဦး၊ ကျောင်းသူဦးရေ (၂) ဦး စုစုပေါင်း ကျောင်းသား/ ကျောင်းသူဦးရေ (၆)ဦး ပျက်ကွက်ခဲ့ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်စေရန် ကျောင်းဝန်းအတွင်းနှင့် အပြင်များ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင်နှင့် တာဝန်ရှိသူများ၊ တပ်မ‌တော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အနီးကပ်ကြီးကြပ် စောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်) (၃၉၉)