စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ခုနှစ်၊ စိုက်ပျိုးရာသီ ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဒေါင်းဖန်းလက်တွန်းထွန်စက်များ၊ သွင်းအားစုယူရီးယား ဓာတ်မြေသြဇာနှင့် လယ်ယာသုံးစက်မောင်းဆီများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်
၂၀၂၅-၂၀၂၆ ခုနှစ်၊ စိုက်ပျိုးရာသီ ဆီထွက်သီးနှံ(နေကြာနှင့်နှမ်း) ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုယူရီးယားဓာတ်မြေသြဇာနှင့် လယ်ယာသုံးစက်မောင်းဆီများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့နယ်ရှိ ကျေးရွာ (၈)ရွာမှ ဒေသခံတောင်သူများ တက်ရောက်ကြသည်။