ချမ်းအေးသာစံ ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် Community Centre အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလွင်မှ လူငယ်များ၏ ဘဝတက်လမ်းများကို ဖျက်ဆီးစေနိုင်သည့် မူးယစ်ဆေးဝါးများ သုံးစွဲခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ဆရာမများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်