သစ်တံခါးဆရာတော်အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်ဖူးမြော်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇွန်လ(၃၀)ရက်နေ့နံနက်ပိုင်းက မဟာမုနိဘုရားကြီးသို့ရောက်ရှိပြီး သစ်တံခါးဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမဏိဇောတ (ယော) ဆရာတော်အား ကြိုဆိုဖူးမြော်ခဲ့သည်။