မြစ်သားမြို့နယ် သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်အပေါ်တွင် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးသွားသော သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ဘုရားရင်ပြင်တော်အပေါ်တွင် သန့်ရှင်းရေးဆောင်ရွက်ပေးသည့်အတွက် ဘုရားအကျိုးတော်ဆောင် ဂေါပကဥက္ကဋ္ဌမှ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးအရာအရှိနှင့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။