မန္တလေးတိုင်းဒေသကြီး

သမိုင်းဝင်ရွှေကြက်ကျဆုတောင်းပြည့်မြတ်စွာဘုရားအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် ဖူးမြော်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယမန်နေ့ မွန်းလွဲပိုင်းက အမရပူရမြို့နယ်ရှိ သမိုင်းဝင်ရွှေကြက်ကျဆုတောင်း ပြည့်မြတ်စွာဘုရားသို့ သွားရောက်ဖူးမြော်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီ၊ ပုထိုးများနှင့် သာသနိကအဆောက်အအုံများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ကျောက်ဆည်မြို့ မြန်မာအီလက်ထရောနစ် မဲပေးစက်များကိုင်တွယ်အသုံးပြုနည်းသင်တန်းနှင့်ငလျင်ဘေးသင့်ဝန်ထမ်းများအား ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ယနေ့နံနက် (၉) နာရီက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များ ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးရွှေဇင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးဝေဇင်ထွန်း၊ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် (MEVM) ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်းပဲတီစိမ်းနှင့်ကုလားပဲ  (၃၂၅၇၈) ဧက စိုက်ပျိုးခဲ့ပြီး (၃၅၉၈၂) တင်း ထွက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်းပဲသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီး၊ ပဲကြား၊ ထောပတ်ပဲနှင့် အခြားပဲမျိုး စုစုပေါင်း (၅၅၈၃၆) ဧက  စိုက်ပျိုးခဲ့ပြီး (၃၅၉၈၂)တင်း ထွက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဇွန်လ ၃၀ ရက်နေ့မှ စ၍ အသက် ၁၂ နှစ်နှင့်အထက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုအား COMIRNADY JN 1/ Gray cap (Pfizer 6 dosages) အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်အတွင်း ကျေးလက်လမ်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပုသိမ်ကြီးမြို့နယ်အတွင်း တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ညောင်ပင်သာ-ဆင်ရွာတောလမ်းအရှည် သုညဒဿမ ၆၃၅ ကီလိုမီတာရှိ ကတ္တရာလမ်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာလမ်းပိုင်း၌ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်တက္ကသိုလ်၌ တိရစ္ဆာန်ရုပ်လုံးသွင်းအတတ်ပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ် သတ္တဗေဒဌာနမှ ကြီးမှူးကျင်းပသော တိရစ္ဆာန်ရုပ်လုံးသွင်းအတတ်ပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို အဆိုပါတက္ကသိုလ်ရှိ (Theatre) ခန်းမ၌ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ရာ ကျောက်ဆည်တက္ကသိုလ်မှ ပါ‌မောက္ခချုပ် ဒေါက်တာ လဲ့လဲ့ဝေ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိမ်းညို့ညို့ကို(သင်တန်း)၊ သတ္တဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာ လဲ့လဲ့ထွန်းနှင့် ဆရာ/ဆရာမများ၊ (Htoozoo & Gardens Business Unit)မှ တိရစ္ဆာန်ရုပ်လုံးသွင်း အတတ်ပညာရှင် သင်တန်းနည်းပြဆရာ ဦးမျိူးနိုင်နှင့် မန္တလေးတိရစ္ဆာန်ဥယျာဉ်မှ သင်တန်းနည်းပြ ဆရာဦးချစ်အောင်အေး၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခဌာနမှူးများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။

တံတားဦးမြို့နယ် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပြည်သူများသို့ အခြေခံစားသောက်ကုန်များများအား ယနေ့နံနက် (၇) နာရီက တံတားဦးမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတောင်ဘက်လမ်းတွင် သက်သာသောဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးကြောင်း သိရသည်။

အမရပူရမြို့နယ်တွင် အိမ်ထောင်စုဇယား၊ နိုင်ငံသားစီစစ်ရေးကတ်များနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ဦးစီးမှူးရုံးမှ  အိမ်ထောင်စုဇယားများနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ၊ နံပါတ်ဆယ်လုံးပါ UID ကတ်များကို ပန်းခင်းစီမံချက် ၃ ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို အမရပူရမြို့နယ်၊ ဓနုံးကျေးရွာ၊ ​​အောင်သိဒ္ဓိကပ်ကျော်ဓမ္မာရုံတွင် ဇွန်လ ၂၉ ရက်နေ့နံနက်  ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။  

ပြင်ဦးလွင်မြို့တွင် အသိပညာပေးဟောပြော‌ပွဲကျင်းပ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ပြင်ဦးလွင်ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်‌ရှောက်မှုကြီးကြပ်‌ရေးအဖွဲ့တို့မှ ကြီးမှူးကျင်းပသော အသိပညာ‌ပေးဟောပြော‌ပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာ၀တီခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာ၀န်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၃၂၀) ဦး တက်ရောက်ကြသည်။ 

စဉ့်ကိုင်မြို့နယ်၌ မြန်မာအမျိုးသမီးများ‌နေ့အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍  သစ်ပင်များစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လာစေရန်၊ ဒေသတွင်းအပူချိန်လျော့ကျလာစေရန်၊ ဂေဟစနစ်တည်ငြိမ်လာစေရန်၊ ပြည်သူများသစ်ပင်စိုက်ပျိုးလိုစိတ်များဖြစ်ပေါ်လာစေပြီး သစ်တောသစ်ပင် များအား ချစ်ခင်တန်ဖိုးထားတက်လာစေရန်နှင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများ အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရန်ရည်ရွယ်၍  အ.လ.က (ထန်းသုံးပင်)‌၌  မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက ကျင်းပခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး