မန္တလေးတိုင်းဒေသကြီး

ပြင်ဦးလွင်မြို့နယ်တွင် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်း၊ လူငယ်များအလုပ်အကိုင် ဖန်တီးပေးနိုင်ရေးဆောင်ရွက်မည့်လုပ်ငန်းဖြင့် ဖွင့်လှစ်သည့် အခြေခံ စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ​ပြင်ဦးလွင်မြို့နယ်၊ လက်ပံကုန်း (မ) ကျေးရွာတွင် ကျင်းပရာ အဆိုပါ အခမ်းအနားသို့  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်အဆင့်ကော်မတီဝင်များ၊ လက်ပံကုန်း (မ)ကျေးရွာမှ တာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

 မိတ္ထီလာမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာ အကြီးကိုကို(ကသာ)တို့ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက မိတ္ထီလာမြို့ အ-ထ-က(၁) ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ပြင်ဦးလွင်မြို့တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့်  ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက အသက်(၁၂)နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးမြို့ဝင် စစ်ရေးဂိတ်ကြီးများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး မန္တလေးမြို့ဝင် စစ်ဆေးရေးဂိတ်ကြီးများဖြစ်သော အမရပူရမြို့နယ်ရှိ (ရန်ကုန်-မန္တလေးလမ်း)ပေါ်ရှိ မြစ်ငယ်စစ်ဆေးရေးဂိတ်နှင့် ဧရာဝတီတံတား (ရတနာပုံ) မြစ်ကူးတံတား (မန္တလေး) စစ်ဆေးရေးဂိတ်များသို့ ယမန်နေ့မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးဒဏ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ ဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးဒဏ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့်အညီ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးငလျင်ဘေးသင့်ပြည်သူများအား ဆန်(၁)လစာ (ဒုတိယ)အကြိမ်နှင့် ဝန်ထမ်းမှီခိုသူများအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ငါးပိ (၁)လစာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားများသို့ တက်ရောက်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက မန္တလေးငလျင်ဘေးသင့် ပြည်သူများအား ဆန်(၁)လစာ (ဒုတိယ)အကြိမ် နှင့် ဝန်ထမ်းမှီခိုသူများအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ငါးပိ (၁)လစာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားများကို ယမန်နေ့ နံနက်ပိုင်းက ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့ရှိ မြို့တော်ခန်းမ၌လည်းကောင်း၊ မွန်းလွဲပိုင်းက အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌လည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ကျောက်ဆည်ခရိုင်အတွင်း အာရှသားဆီစက်လုပ်ငန်းတွင် ဆီသန့်စင်စက်ဝယ်ယူတပ်ဆင်၍ ဆီသန့်စင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆောက်အင်းဆိုလာစနစ် ပူးတွဲလျှပ်စစ်မြစ်ရေတင်စီမံကိန်းတို့အား ကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက ကျောက်ဆည်ခရိုင်အတွင်း ဆီသန့်စင်စက်ဝယ်ယူတပ်ဆင်၍ ဆီသန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နွေစပါးပန်းတိုင် အထွက်နှုန်းရရှိရေး စံပြကွက်အောင်မြင်ဖြစ်ထွန်းမှု ကွင်းသရုပ်ပြပွဲနှင့် ဆောက်အင်းဆိုလာစနစ် ပူးတွဲလျှပ်စစ်မြစ်ရေတင်စီမံကိန်းလုပ်ငန်းများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး