မန္တလေးတိုင်းဒေသကြီး

လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြင့်မားရေး၊ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲနှင့်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊  အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့မွန်းလွဲ (၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်လာကာ စိုးရိမ်ရေမှတ်ရောက်ရှိရန် ၅၉ စင်တီမီတာ၊ ၁ ပေခွဲခန့်အလိုရောက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၆၂ စင်တီမီတာခန့် ၂ ပေခန့်လိုကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံဒေါ်ခင်လှနုထွေးထံက သိရသည်။

ကျောက်ပန်းတောင်းမြို၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သဘာဝဘေးဒဏ်မှကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

ကျောင်းသား၊ ကျောင်းသူများအနေဖြင့်သဘာဝဘေးဒဏ်မှ ကြိုတင်ကာကွယ်ရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ ငလျင်ဘေး၊ မီးဘေး၊ မုန်တိုင်းအန္တရာယ်၊ ရေပေးပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီတွင် ကျောက်ပန်းတောင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ယဉ်ကျေးမှုရိုးရာဓလေ့များနှင့် မြန်မာ့သနပ်ခါးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြေပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ပြင်ဦးလွင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍  မြန်မာ့ယဉ်ကျေးမှုရိုးရာဓလေ့များနှင့်   မြန်မာ့သနပ်ခါးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို  ဇူလိုင်(၁)ရက်နေ့ နံနက် ၁၀ နာရီကအမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇဆောင်၌  ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ မင်းစု(အ.ထ.က) ကျောင်းခန်းမ၌ ဇူလိုင်လ (၂) ရက် နံနက် (၉) နာရီခွဲအချိန်က သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်များအား Online မှတစ်ဆင့်ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု အကြိမ် (၁၀၀၀) ရှိလာ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာအနီး  ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း၌ မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Online မှတစ်ဆင့် ဆက်သွယ်၍ ဆင်စာဘူဖေး ကျွေးမှုများ များပြားလာလျက်ရှိရာ ဆင်စာဘူဖေးကျွေးမှု အကြိမ် (၁၀၀၀) ကျော် ရှိလာပြီဖြစ်ကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများထံက သိရသည်။

သာစည်မြို့နယ်၌ အောင်နိုင်တိုးစပါးမျိုး စံကွက်ရိတ်သိမ်းခြင်းအခမ်းအနား ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ကုက္ကိုကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၀၂၀) ကုက္ကိုကန်အရှေ့ကွင်း၊ ဦးပိုင်အမှတ် (၅၅/၁)၊ ဧရိယာ (၀.၁၈) ဧကရှိ တောင်သူ ဦးပေါ်ညွှန့်၏ စပါးသီးနှံမျိုး အောင်နိုင်တိုးနွေစပါး စံကွက်ရိတ်သိမ်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဉာဏ်ရည်တု (AI)အသုံးပြုနည်း‌   တောင်သူနည်းပညာပေး ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဉာဏ်ရည်တု(AI)အသုံးပြုနည်း‌   တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မိုင်းမောကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာရှိ ရွာလယ်ခန်းမတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

လယ်ယာထွက်ကုန်လုပ်ငန်းများသယ်ယူရာတွင် အဆင်ပြေစေရေး ကွမ်းဆေးမြောင်းကူးကုန်ထုတ်တံတား(၁)စင်းအား ပြန်လည်ပြုပြင်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးသီးနှံမျိုးစုံ ရေလုံလောက်စွာပေးဝေနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြန်လည်ပြုပြင်သင့်သည့် ရေပြွန်များ၊ ရေတံခါးများ၊ ရေကျအဆောက်အအုံများအားပြန်လည်ပြုပြင်ပေးခြင်း၊ တိမ်ကောနေသည့် မြောင်းများအားတူးဖော်ပေးခြင်း၊ မြောင်းဆလံများအားကျောက်သားနံရံစီပေးခြင်း၊ ရေပေးဝေမြောင်းများပေါ်တွင် ဆောက်လုပ်ထားသော ကုန်ထုတ်တံတားများပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကွမ်းဆေးမြောင်းတွင် ဆောက်လုပ်ထားသော ကုန်ထုတ်တံတား(၁)စင်းအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး