မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေးငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီ၊ ပုထိုးနှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းညှိနှိုင်း
မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီ၊ ပုထိုး နှင့် သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၇ ရက်မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။