ဗီယက်နမ်နိုင်ငံဖွားဘုန်းတော်ကြီး HT.Thich Thien Tamနှင့် အဖွဲ့က အ.ထ.က (၁၄)မှ ငလျင်ဒဏ်သင့် ကျောင်းသား၊ကျောင်းသူများအား ငွေများလှူဒါန်း
မန္တလေး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း(၈၀)ပေါ်ရှိ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းသို့ ဗီယက်နမ်ဘုန်းတော်ကြီးအဖွဲ့က အလှူငွေများ လာရောက်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။