မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ လူငယ်စာဖတ်ဝိုင်းကျင်းပ

မိတ္ထီလာ ဩဂုတ် ၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းဆောင်ရွက်သော လူငယ်စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါလူငယ်စာဖတ်ဝိုင်းတွင် ဦးစွာ လူငယ်စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူးဦးမျိုးမင်းဇော်က ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စာဖတ်ဝိုင်းကို ကျင်းပပြီး အခြေခံပညာအထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသား ၆ ဦးက ၎င်းတို့ဖတ်ရှုလေ့လာခဲ့သော စာပေဗဟုသုတများကို ဆွေးနွေးပြောကြားရာ တက်ရောက်လာသည့် ကျောင်းသူ၊ ကျောင်းသားများက ပါဝင်ဖြည့်စွက်ဆွေးနွေးကြသည်။ ထိုနောက် မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာကြည်သိန်းဇော်နှင့်အဖွဲ့ဝင် စာရေးဆရာ မြင့်မားအောင်တို့က ကျောင်းသူ၊ ကျောင်းသူများ၏ ဆွေးနွေးပြောကြားမှုအပေါ် အကြံပြုသုံးသပ်စကားများ ပြောကြားခဲ့ကြောင်းသိရသည်။  

ချမ်းသာ